Saturday 17 April 2010

ပိတောက်ဖူး


တန်ခူးနွေရဲ့၊
ဖူးလေတဲ့ ပိတောက်ဝါ။

သင်္ကြန်မိုး၊
မာန်ပျိုးကာ ငြိုးလေသလား၊
ဖြိုးစွေမရွာ။

နှစ်ကူးတဲ့ နွေဆန်းတာ၊
လေကြမ်းသာ သုတ်ဖြူး။

လတန်ခူးအခါ၊
မြအဖူးမှာ မိုးရေဖြန်းပါမှ၊
ဝေလန်းကာ ပွင့်ရှာရမယ်ပေါ့၊
လေကြမ်းသာ ဆင့်လာကြရင်တော့၊
တင့်ကာလှ မပွင့်ဝေခင်၊
လွင့်ကြွေကာ ညှိုးခွေနွမ်းမယ်ကွယ့်၊
မိုးရေဖြန်းမှ သူဝင့်ကာ၊
ပွင့်လွှာမှာ ရွှေပြောက်လူးရမယ့်၊
နွေပိတောက်ဖူး။ ။



မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော အတာသင်္ကြန်တော် အခါသမယ ဖြစ်ကြပါစေရန် ဆုမွန်ကောင်း တောင်းချွေအပ်ပါသည်။
တန်ခူးမည်မှတ် ဖက်ဆွတ်ရေတိုး သင်္ကြန်မိုးပြေး ဝေးကွာကင်းပ ကွယ်ပျောက်နေပါသဖြင့် အခါသင့်ပေမင့် မပွင့်နိုင်ရှာသော ပိတောက်ဝါများသို့ ...

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

Read More...