Monday 14 March 2011

တပေါင်းတစ္ဆေ

နွေတည ...
မြေခတဲ့ ပွင့်ဖူးတွေ။

ကြွေမကျပါဘူး ...
နွေဓားပြ လာခူးတာမို့၊
ဗျာလူးမျက်ရည်။

တပေါင်းတစ္ဆေ
ကျောင်းမြေကိုနင်းအလျှောက်။

ဘီလူးနွေသွမ်း၊
ခူးချွေရမ်းပေမဲ့၊
အဖူးတွေ မနွမ်းပါဘူး၊
မကြွေပန်း ပွင့်စွယ်တော်တို့၊
အမြင့်ဝယ်မော် အခြေမလွဲ၊
ဝေဆဲနွေအောက်။ ။


ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...
ဟယ်ရီ

Read More...