စိမ်း
စိမ်း | သခင် | စိမ်း | ထင်ပြ၊ | စိမ်း | ပင်မြ | စိမ်း | ဆင်၊ |
စိမ်း | သွင်လျ | စိမ်း | ပြင်ပြင်၊ | စိမ်း | အစဉ် | စိမ်း | ရက်၊ |
စိမ်း | တသက် | စိမ်း | မျက်ခြယ်၊ | စိမ်း | လက်ဝယ် | စိမ်း | ပုံဆင်လျက်။ |
စိမ်း | ရင့်ရင့် | စိမ်း | ဆင့်ရာ၊ | စိမ်း | ပွင့်ညှာ | စိမ်း | ရွက်၊ |
စိမ်း | ရင့်ဖြာ | စိမ်း | ဖက်လို့၊ | စိမ်း | ခက်ခက် | စိမ်း | မူ၊ |
စိမ်း | တမင် | စိမ်း | ပင်စိုက်ပါလို့၊ | စိမ်း | ရင်ပိုက် | စိမ်း | ရက်လေသူ။ |
စိမ်း | သွေ့သွေ့ | စိမ်း | ငွေ့ပူ၊ | စိမ်း | လေ့သူ | စိမ်း | ဝေလွင့်၊ |
စိမ်း | လေဝင့် | စိမ်း | လှတိမ်းဖွေ၊ | စိမ်း | မြ | စိမ်း | မြေ၊ |
စိမ်း | ဝေတဲ့ | စိမ်း | မြူခြေ၊ | စိမ်း | သူရေ | စိမ်း | ရက်လှလေး။ ။ |
လေးထပ်ကြော့ စကြာတေးထပ်လေးပါ .... "စိမ်း" တလုံးတည်းကို အပိုဒ်ငယ်တိုင်းရဲ့ အစ စာလုံးနဲ့ အပိုဒ်ဝက်ရဲ့ အစ စာလုံးတွေမှာ မူတည်ပြီး ပတ်လည်ရေးထားတာပါ။ ဒီလိုပုံနဲ့လည်း ရေးလေ့ရှိပါတယ် ....
ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ