Saturday 7 November 2009

ကြွေ

လွမ်းလို့သာ၊
ပန်းတို့မှာ ကဗျာပွင့်။

သခင့်ထံ၊
အသင့်ပန်ရန် နှင်းအဆက်မှာ၊
ငြင်းရက်သူ ပန်းမကြိုက်၊
နွမ်းခိုက်ကြွေလွင့်။


လောကအလှ‎အတွက် ရေးပေးတဲ့ ကဗျာလေးပါ ... ‎ဒီမှာ‎ လည်း သွားဖတ်နိုင်ပါတယ်။

ကျနော် facebook မှာ တင်ထားတုန်း မမေ (မမေဓာဝီ) က ဒီကဗျာလေးကို ဖတ်ပြီး Comment မှာ ကဗျာတပုဒ် ပြန်ရေးပေးထားပါတယ်။ အလွန်လှတဲ့ ကဗျာလေးမို့ ကျနော်အလွန်ကြိုက်လို့ တခါတည်း တင်ပေးလိုက်ပါတယ်။ (မမေရေ ... ခွင့်ပြုပြု မပြုပြု တင်ပြီဗျို့ ... စာမကျက်ချင်တိုင်း ကဗျာတွေ လျှောက်ရေးနေတယ်)


မမှန်းသာ
ပန်းကဗျာ သီကာကုံး
မမုန်းပါနှင့်။

အရှင့်ထံ...
ခွင့်ပန်လွှာ ကဗျာပန်းကို
အသာလှမ်းကာ ပေးအပ်လည်း
ပြေးထွက်သူ ရှောင်ခွါလို့
ယောင်ချာချာ မျှော်တမ်းရှိုက်
လွမ်းလှိုက်လေလွင့် ... ။

မေဓာဝီ

အဲဒီ ကဗျာလေးအတွက် ခေါင်းစဉ်ကိုတော့ လောကအလှ‎ မှ ဒေါ်လေး ဟနစံ က "လွင့်" လို့ ပေးသွားပါတယ် (ကောင်းလိုက်တဲ့ ခေါင်းစဉ်လေး) ... ပြီးတော့ သူ့ လောကအလှ မှာပဲ လက်မြန်ခြေမြန် ယူတင်လိုက်ပါလေရော ...

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...‎
ဟယ်ရီ

7 comments:

မေဓာဝီ said...

ကျေးဇူးပဲ ဦးဟယ်ရီရေ ...
တကူးတက ဘလော့ပေါ်တင်ပေးလို့။ :)

အိ said...

ကိုဟယ်ရီရေ ကောင်းပါ့..၂ ပုဒ်လုံးမိုက်တယ်။
လိုက်ရေးကြည့်သေးတယ် ထွက်ဘူးဂျာ..ဟင့်

Harry said...

ကောင်းလို့ တင်တာပေါ့ မမေရဲ့ ...
အိမကလည်း ... ရအောင်ရေးပေါ့ ... ရေးတတ်သားနဲ့

Dr. Yi Yi Win said...

ငြင်းရက်သူက ပန်းမကြိုက်ရင် ဒီဖက်သာ ကမ်းလိုက်ပါ ဦးဟယ်ရီရေ။ စိတ်မဆိုးတတ်ပါဘူး :P

Harry said...

ကောင်းပါပြီဗျာ ... ကမ်းလိုက်ပြီ .. ဂေါ်ဖီပန်း ... ဟီးဟီး :P
ဒေါ်ယု ပျောက်နေပါလား .. ဘယ်တွေရောက်??

hana said...

သူများ အတင်းပြောတယ်...ဦးလေးဟယ်ရီ

Harry said...

အတင်းမပြောပါဘူး ဒေါ်လေးရယ် ... ဖြည်းဖြည်းပဲ ပြောတာပါ :P