Saturday 12 May 2012

နှောင်းသည့်နေ့

နှောင်းသည့်နေ့

နှင်းဆီလမ်းခွဲ၊ အလွမ်းသည်းချိန်
ပန်းကြဲခဲ့သူ၊ လှည့်ယူကောက်ပြန်၊
တယောက်ထံမှ၊ နောက်ပြန်အကြည့်၊
ရောက်ဟန်ရှိဆဲ၊ ငြိမြဲသံစဉ်၊
တဖန်ဝင်ညှိ၊ သခင်သိပါ၊
မြင်မိမြင်စေ၊ အရင်နွေည၊
ကဝေမပျို၊ ထွေက,ငိုမော၊
မလိုသောကြိုး၊ ဖြတ်ချိုးရိုက်ဖျက်၊
အသွားထက်သည့်၊ ညဉ့်နက်စူးရှ၊
ဘီလူး က,သီ၊ ရီ(ရယ်)သံချောက်ခြား၊
နောက်ပါးမှအသံ၊ ပဲ့တင်ညံစီ၊
လျှံဟီမြည်ချုန်း၊ ပျောက်ဆုံးသွားရာ၊
သစ္စာတမျှင်၊ သံယောဇဉ်လမ်း၊
နှောင်ငင်ကြမ်းအို၊ အလွမ်းပိုလည်း၊
မလိုသည့်ငြမ်း၊ ဖျက်စတမ်းလေ၊
မျက်ကန်းအသိ နှောင်းသည့်နေ့။ ။


ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျား ...

ဟယ်ရီလွင်

1 comment:

နွေတေးရှင် (မင်းဧရာ) said...

ကောင်းလိုက်တာဗျာ...
အကိုကသာ ဖတ်ရှူ့ခံစားအားပေးလို့ ကျေးဇူးပါပြောနေတာ
ကျွန်တော်ဖြင့် သည်လိုစာပေမျိုးတွေ ဖတ်ခွင့်မရတာ ကြာလို့ သိပ်ကို ကျေနပ်နေတာဗျ။