Sunday 27 January 2013

တကောင်တည်း

တကောင်တည်း

အရေအတွက်က၊
အဖြေမထွက်ပါလေ။

အရည်အသွေးမှ၊
အရှည်တွေးဆစရာပေ။

ပမာဏဟာ၊
ပဓာနအရာ မဟုတ်ပါအမေ၊
ထုတ်စရာအဖြေ မတွေ့။

အမြင်ရယ်မလျှမ်းပါဘူး၊
သမင်ဆယ်လှမ်း ကျားတလှမ်းတဲ့၊
သားလွမ်းရင် အမေရေ၊
ရေမြေခြားကာမနီးပေမဲ့၊
မီးတွေရယ် ဘယ်လို လောင်လို့၊
ခရီးရှည်ရယ် ဘယ်လို မှောင်လည်း၊
အောင်ပွဲတွေနဲ့ အစဉ်တွေ့မှာပေါ့၊
နောင်မခွဲ အမေရဲ့ ရင်ငွေ့မှ ...
တကောင်တည်းပေမဲ့ ခြင်္သေ့။ ။

အမေ့ဖို့ ရေးတဲ့ကဗျာ ...

ဟယ်ရီလွင်

2 comments:

စံပယ်ချို said...

ဒီလိုပဲတွေးနေမိတယ်
ခရီးရှည်ရယ် ဘယ်လိုမှောင်လည်း
အောင်ပွဲတွေနဲ့ အစဉ်တွေ့မှာပေါ့
နောင်မခွဲ အမေရဲ့ ရင်ငွေ့မှ
တကောင်တညးပေမဲ့ ခြင်္သေ့----
ဒီကဗျာလေးဖတ်ပြီး
ကိုယ့်မှာအားတွေတိုးလာသလိုပဲ

Harry said...

အမေ့ကိုလည်းလွမ်း ... ကိုယ့်ကိုယ်ကိုယ်လည်း အားတင်းရတာပေါ့ ညီမရယ်