Friday 6 February 2009

ဆောင်းအဖန်ဖန်

မှုန်ပြာရီ၊
ရာသီခွင် တဖန်ရွေ့ပြောင်းပြန်ပေါ့၊
လေပြန်ဝေ့ညောင်းပါလို့၊
ဟေမာန်ငွေ့လောင်း။

ငြိုးဖွဲ့ရန်ဆင်၊
မာန်ဝင်ကာသူတင်းနေသရွေ့၊
မြူနှင်းတွေ ဝေ့ဝေ့ဆင်လည်း၊
ပူပြင်းနေ သွေ့သွေ့ရင်မှာ၊
ငွေ့ငွေ့အစဉ် မြိုက်ဆူကျွမ်းကာပဲ၊
လှိုက်ပူနွမ်း ပြင်းပြနွေးနေလို့၊
နှင်းမခသေးတဲ့ သည်ရင်ခွင်ကို၊
ညင်ညင်သာ ပွေ့လို့ထွေးကာရယ်၊
အေးပါလှည့် ဆောင်း။ ။

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...
ဟယ်ရီ

5 comments:

အိ said...

နှင်းမခသေးတဲ့ သည်ရင်ခွင်ကို၊
ညင်ညင်သာ ပွေ့လို့ထွေးကာရယ်၊
အေးပါလှည့် ဆောင်း။ ။

မိုက်တယ်ဗျာ ကိုဟယ်ရီ

chanye` said...

အစဉ်အားပေးလျှက်ပါဗျာ..
အကိုရဲ့ ကာရံနဘေနဲ့ ကဗျာလေးတွေကို ကြိုက်ပါတယ်

Dr. Yi Yi Win said...

မာန်ဝင်ကာသူတင်းနေသရွေ့လို့ ဖတ်မိလိုက်တော့ ရင်ကိုအပူလေးတွေမသိသာတိုးဝှေ့ သွားတယ်။
အေးပါလှည့် ဆောင်း..ဟုတ်ပါ့ရှင်။

Harry said...

ကျေးဇူးပါ အိမ၊ ညီလေးချမ်းရဲနဲ့ မယုတို့ရေ

Sonata Cantata said...

နှင်းကို ပစ်၍ ဆောင်းကို မချစ်လို သူတောင်
ဒီကဗျာလေးကြောင့်
ဆောင်းအဖန်ဖန်ကို လည်တပြန်ပြန်...
(word verification က ကျမကို ရိုက်ခိုင်းနေတယ်
torit တဲ့။ to rit ...)