Saturday 14 February 2009

ချစ်သူများနေ့တဲ့လား

ဒီနေ့ ..
ဖေဖေါ်ဝါရီ ၁၄ရက်
''ချစ်သူများနေ့'' တဲ့လား
ညီမလေးရေ ...
ရင်ခုန်နေသလား
ကဒ်ကလေးတွေ၊ ပန်းကလေးတွေ ..
ချောကလက်လေးတွေ၊
... တွေ၊ .... တွေ
ဟိုက သည်က
အများကြီး အများကြီး ..
မင်းရနေသလား ...

လူငယ်တွေလဲ ... အုတ်အုတ်ကျက်ကျက်
လူလည်တွေလဲ ... ရှုပ်ရှုပ်ယှက်ယှက်
လူလတ်တွေလဲ ကသုတ်ကရက်
လူတတ်တွေကလဲ ဗရုပ်ဘယက်၊
အော် ...
တကယ်တော့ ...
ဒီနေ့ဟာ ...
ဂရေဂိုရီယံ ကမ္ဘာသုံး နေပြက္ခဒိန်ရဲ့
၄၅ ရက်မြောက်နေ့ ...
'ကလောဒီယပ်စ်' ဆိုတဲ့
သဘောမကြီးမြတ်တဲ့ ပဒေသရာဇ်
ဧကရာဇ်ဘုရင်ယုတ်ရဲ့အမိန့်ကို လစ်လျူသွေဖည်ပြီး
ချစ်သူတွေကို တိတ်တဆိတ် လက်ထပ်ပေးတဲ့
တာနီမြို့က Saint Valentinus ဆိုတဲ့
သူတော်စင်ပုဂ္ဂိုလ်ကြီး
ရောမမှာ ..
နှိပ်စက်ပြီးခေါင်းဖြတ်ခံရတဲ့နေ့ပါ ....
သူတို့ဟာသူတို့
ဂုဏ်ပြုရင်ပြုပါစေ ...
တို့တွေနဲ့ အဝေးကြီးပါကွယ် ...

ညီမလေးရယ်
တစ်ခုလောက်
သေသေချာချာ စဉ်းစားပါဦး
မနေ့က ...
ဖေဖေါ်ဝါရီလ ၁၃ရက်နေ့လေ
လွန်ခဲ့တဲ့ ၉၄နှစ်ကာလက
နွေအကူး ...
လေရူးတွေ ဝေနေတဲ့
အဲဒီနေ့ ....
စနေနေ့ မနက်
အရုဏ်တက်လို့
မိုးသောက်ကျင်းတဲ့အချိန်မှာ ....
'ထိန်လင်း' ဆိုတဲ့
ကလေးငယ်ကလေး ...
ဟိုး အညာက နတ်မောက်မြို့မှာ ..
မွေးဖွါးခဲ့တယ်
သူက ...
စာပေကိုချစ်တယ်
အမှန်တရားကို ချစ်တယ်
ချစ်သူကိုချစ်တယ်
ရင်သွေးတွေကို ချစ်တယ်
အဲဒါတွေ အားလုံးထက်ပိုပြီး ...
တို့တိုင်းပြည်ကို ချစ်သတဲ့

ယောက်ျားကောင်းတို့ရဲ့ သတ္တိ၊
ယောက်ျားကောင်းတို့ရဲ့ သမာဓိ၊
ယောက်ျားကောင်းတို့ရဲ့ သီလ၊
ယောက်ျားကောင်းတို့ရဲ့ စာဂ
ယောက်ျားကောင်းတို့ရဲ့ သိက္ခာ၊
ယောက်ျားကောင်းတို့ရဲ့ ပညာ၊
ယောက်ျားကောင်းတို့ရဲ့ သစ္စာ၊
သူ့မှာ အကုန်ရှိသတဲ့ ....

နောက်ဆုံး ...
အဲဒါတွေအကုန်လုံး
တိုင်းပြည်ကိုပေးပြီး
ဘာမှ ယူမသွားရှာလေတဲ့ ....

ချစ်သူကောင်းတစ်ယောက်
ယောက်ျားကောင်းတစ်ယောက်
ဖခင်ကောင်းတစ်ယောက်
အကြွေစောခဲ့ရတဲ့ ကြယ်တစ်ပွင့်
တို့ရဲ့ ...
မျိုးချစ်သူရဲကောင်းတစ်ယောက်ကိုတော့
ချစ်ဖို့မေ့နေကြတာ
ရင်နာလိုက်တာကွယ်

'ဖေဖေါ်ဝါရီဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တထောင့်ကိုးရာတဆယ့်ငါး၊
ရှေ့နေဦးဖာ သား။
ဇာတိနတ်မောက် မကွေးခရိုင်၊
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား၊
မိခင်ဒေါ်စု သား ...'



ငယ်ငယ်က
ဆိုခဲ့ရတဲ့ ကဗျာလေး ...
အခုတော့ ဘယ်မှာလဲ

ကိုယ်နဲ့ ဘာမှမဆိုင်တဲ့
အီတလီက သူတော်စင်ကို
သူတို့ဟာသူတို့ ဂုဏ်ပြုကြရာက
ဖြစ်လာတဲ့ 'ဗယ်လင်တိုင်းနေ့' ဆိုတာထက် ..
အဲဒီနေ့မတိုင်ခင် တနေ့ဟာ
တို့တွေအတွက် ..
ပိုပြီး လေးနက်ပြန့်ကျယ်တဲ့
အဓိပ္ပာယ် ရှိပါတယ်ကွယ် ...
ဒီနှစ်တော့ ရှိပါစေတော့
ညီမလေးရယ် ....


အခုခေတ် မြန်မာပြည်က လူငယ်အများစုဟာ ဖခင်ဗိုလ်ချုပ်ကို မေ့နေကြပါပြီ ... ဘာမဟုတ်တဲ့ ဗယ်လင်တိုင်းနေ့ဆိုတာကို ...
သူတို့ ရင်ခုန်နေကြတယ် ...
ကျနော်လည်း မြင်တိုင်းရင်နာရပါတယ်။

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...
ဟယ်ရီ

17 comments:

Anonymous said...

အရမ်းကောင်းတယ်အစ်ကိုရာ မြန်မာမိသားစုမှာလဲ တင်ပေးပါဦး ကျွန်တော်လဲ လူငယ်တစ်ယောက်ပေမဲ့
ဗယ်လင်တိုင်းကို သိပ်အရေးတယူ စိတ်ထဲမှာမရှိဘူး
ချစ်သူတွေပဲ သူတို့တွေ့ကြတဲ့ နေတိုင်းဟာ ချစ်သူ များနေ့ပဲပေါ့ ဗိုလ်ချုပ် မွေးနေ့ကိုရော ပြည်ထောင် စုနေ့ကပါ မှေးမိန်နေပြီး ဘယ်ကလာမှန်းမသိတဲ့ နေ့ကိုအရေးတယူလုပ်နေတာကတော့ ........

Harry said...

တင်လိုက်ပြီ ညီလေးရေ ...
အဲဒီ ဗယ်လင်တိုင်းဒေး ဆိုတာက အနောက်ဓလေ့ကို ပုံတူ ကူးချတာပဲလေ .. ကိုယ်နဲ့ ဘာမှ ဆိုင်တာမှ မဟုတ်တာ

အနောက်က ကောင်းတဲ့ ဓလေ့တွေ၊ အကျင့်စရိုက်တွေကျတော့ မယူကြဘူး ... ဥပမာ .. အချိန် လေးစားတာ၊ လူကို တန်ဖိုးထားတာ၊ အလုပ်ကိုတန်ဖိုးထား လေးစားတာ ... အစရှိတာတွေပေါ့။
မဟုတ်တဲ့ အပျော်အပါးဆို သိပ်အတုခိုးမြန်ကြတာပဲ ...

Dr. Yi Yi Win said...

ဦးဟယ်ရီ စိတ်တိုနေတာလား။ သဘာဝ ဟာ သဘာဝပါတဲ့။

chanye` said...

အင်း..ဗယ်လင်တိုင်းဒေး သမိုင်းကို ခုမှသိတယ် ။ ဟုတ်တော့လည်းဟုတ်ပါတယ်.. ဗိုလ်ချုပ်မွေးနေ့ကျတော့ လူငယ်တွေမေ့နေလိုက်ကြတာ..

P.Ti said...

အရင်က မဖတ်ဖူးပဲ အခုမှ forward email ကနေဖတ်ဖူးတယ်။
ဗိုလ်ချုပ်မွေးနေ့ကို ဖျောက်ထားတဲ့လူတွေကဖျောက်ထား၊ လူငယ်တွေလည်း စာဖတ်ဖို့ စိတ်မ၀င်စားနဲ့ တဖြည်းဖြည်း ပြောင်းလဲလာကြတယ်။

တကယ်တော့ Valentine's Day ကလည်း marketing လုပ်တဲ့လူတွေ အသုံးချခံနေရတာ...

ဗိုလ်ချုပ်မွေးနေ့ကို မြန်မာကလေးများနေ့ အဖြစ်သတ်မှတ်ထားတာ Blogger တွေ promote လုပ်ဖို့ကောင်းမယ်။

ကြယ်ပြာ said...

အရမ်းကောင်းတဲ့ကဗျာလေးပါ ... ခုမှဖတ်မိပေမယ့် သဘောကျလွန်းလို့ ကွန်မန့်လာပေးတာပါ ...

အဇ္ဈတ္တပြခန်း said...

သိပ်ကောင်းတဲ့ ကဗျာလေးပါဗျာ.. ကဗျာအရေးသား စာပေအတွေးတွေက ကျယ်ပြန်သလို အမျိုးကိုချစ်တတ် တဲ့ ပုဂ္ဂိုလ်ဆီက အဓိကနဲ့ သာမညနဲ့ ခွဲခြားစေချင်တဲ့ကဗျာလေးကို ဖတ်ရတာ.. သိပ်ကို တန်ဖိုးရှိတယ်ဗျာ... လေးစားပါတယ်..

အိဖြူ said...

forward mail တစ်ခုကနေဖတ်မိတာပါ။ သိပ်ကို အဓိပ္ဗါယ်ရှိပါတယ်။ ဒီကဗျာလေးအတွက် ကျေးဇူးပါ။

စုချစ် said...

ကိုဟယ်ရီရေ...
ကဗျာလေး အရမ်းကောင်းတာပဲ...
ကျူးပစ်က ၉၅နှစ်ပြည့် ဗိုလ်ချုပ်အောင်ဆန်း သရက်မှာ တင်ပေးပါလားဟင်။

ကိုဟယ်ရီက ဘာသာရေးထဲမှာပဲ နေတော့တာကိုး... မတွေ့တာကြာလို့ လိုက်ရှာလိုက်ရတာ...
;-)

ခင်မင်စွာ
စုချစ်

Unknown said...

a yan ta baw kya tae byar...Bo Gyoke ne pat tat lo mae nay kya pi..thanks

သွယ်လင်းဆက် said...

ကောင်းတယ်အကိုရေ......

ကလေး said...

မိတ်ဆွေရ ခါချဉ်ကောင်မာန်ကြီး ပြီး တောင်ကြီးကိုဖြိုဖို့ကြံတော့ ဒေါ်စု ခမျာ အကျဉ်းကျနေပါပကောလား။
ဗိုလ်ချုပ်အကြောင်း မပြောကြတာနဲ့ ဗိုလ်ချုပ်ကိုမေ့ပြီမတွေးလေနဲ့။
ရင်ခုန်သံစဉ်လေးတွေချိုအေးစဉ် အချစ်ရဲ့ အမှတ်တရ လေးတွေရှာတတ်တာ လူငယ်တိုင်းရဲ့ သဘာဝပဲလေ။
ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ချစ်သူကိုချိန်းပြီးဗိုလ်ချုပ်အကြောင်းပြောရမှာလား။
ချစ်သူများနေ့ ဆင်နွဲတာက အီတလီဖုန်းကြီးမွေးနေ့ပွဲကျင်းပပေးတာမဟုတ်ဘူး အမေများနေ့ ပြီးတဲ့နောက် အဖေများနေ့ ရယ်လို့ ရှိသင့်လို့ သတ်မှတ်ပေးထားကြတာ။ တစ်ကမ္ဘာလုံးမှာဆင်နွဲကြတယ်မဟုတ်လား။ ချစ်သူတွေအတွက် သတ်မှတ်ပေးထားနဲ့ နေ့လေးမှာ တစ်ကမ္ဘာလုံးက ချစ်တတ်သူတွေနည်းတူ ငါတို့ရူးကြတာ ဘာဆန်းတုန်း။ အမှတ်တမဲ့မဟုတ်တဲ့ အမှတ်တရလေးတွေနဲ့ ခင်ဗျားချစ်တဲ့သူကို ဂရုစိုက်ကြင်နာမှုလေးပေးကြည့်ပါ။
ဒါကိုလက်မခံဘူးဆိုရင်တော့ ခင်ဗျားဟာအသက်ကြီးရင့်သူ (သို့) မချစ်တတ်တဲ့သူ (သို့) နိုင်ငံရေးသမား (သို့) အတ္တ သမားပဲဖြစ်လိမ့်မယ်။

Harry said...

လာရောက် ဖတ်ရှုအားပေးဝေဖန်သွားကြသူများ အားလုံးကို ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ ...

စုချစ် ရေ ... မြန်မာကျူးပစ်မှာ တင်ပေးထားလိုက်ပါပြီ ....
Online Eleven Journal မှာ ဖော်ပြထားတာကိုတွေ့လို့ တယောက်က တင်တောင်ပြီးနေပြီ ...
ဘာပဲဖြစ်ဖြစ် ထပ်တင်ပေးလိုက်ပါတယ်။

စိတ်ဝင်စားဖွယ် အမြင်တမျိုးနဲ့ မှတ်ချက်ပေးသွားတဲ့ ကလေး ကိုလည်း ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ ...

ADULT said...

ကလေးရေ ၊
ဆက်ချစ်နိုင်ပါစေဗျာ ။ မျက်နှာဖြူကိုသခင် ခေါ်ရတဲ့ ဘ၀ကနေ ခုလို ပေါက်လွတ်ပဲစား အားလျားနေလို့ရတဲ့ ဘ၀ ရတာ ကျေးဇူးမမေ့သင့်ဘူးလို့ပဲ ထင်ပါတယ်။ တမလွန် ဘ၀ တစ်ခုမှာ ရင်ကျိုးနေရှာမယ့်
ဗိုလ်ချုပ် ကိုတွေးပြီး သနားလို့ပါ။ ခင်ဗျားလိုချစ်တတ်သူတွေများများရှိ တော့ကောင်းတာ ပေါ့ဗျာ။ ဖွန်ကြောင်တွေ များတော့ ဘ၀ရည်မှန်းချက် မြင့်မြင့် ထားပြီးကြိုးစားတဲ့လူတွေအတွက် ပိုလွယ် သွားတာပေါ့။ ခံစားချက်ကို ဦးစာပေးတတ်သူ တော်တော် များများ ကိုတွေ့ဖူးပါတယ်။ များသောအားဖြင့် မရင့်ကျက်သေးတဲ့ ချာတိတ်တွေပေါ့။ ခင်ဗျား နာမည် လိုပါပဲ ။
ကလေးပေါ့ ။ ကျွန်တော်တို့ကတော့ မရင့်ကျက်သေးတဲ့ ကလေးတွေပြောတဲ့ စကားကိုဗွေ မယူပါဘူး ။ ခွင့်လွှတ်ပါတယ်။ ကလေးကိုး.......

Anonymous said...

Anonymous နဲ့ပဲ ရေးပါရစေ။
ကလေး ပြောတာ တပိုင်းတစမှန်ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်ကိုတော့ စော်ကားစရာမလိုဘူးလို့ ထင်မိပါတယ်။
တဘက်က ပြောတော့လည်း စာရေးသူ အနေနဲ့ ဗယ်လင်တိုင်းဒေးကိုလည်း Negative ပုံစံနဲ့ ရေးစရာမလိုဘူးထင်တာပဲ။
အမှန်တကယ် ကျနော့ အမြင် ဖြစ်သင့်တာက။ ဗိုလ်ချုပ်မွေးနေ့ကို ရေးချင်လည်း ဗိုလ်ချုပ်မွေးနေ့ အကြောင်းရေးလိုက်ပါ။ ဗယ်လင်တိုင်းဒေးနဲ့ တွဲပြီး ရေးစရာအကြောင်းမရှိပါဘူး။ ပြဒါးတစ်လမ်း၊ သံတစ်လမ်းပါ။ ဗိုလ်ချုပ်မွေးနေ့ကို မေ့နေကြတာ ဗယ်လင်တိုင်းဒေးကြောင့် မဟုတ်သလို ဗယ်လင်တိုင်းဒေးကြောင့်လည်း ဗိုလ်ချုပ်မွေးနေ့ကို ဘာမှ မထိခိုက်စေဘူးလို့ ထင်မိပါတယ်။ Globalize ကြောင့် ဗယ်လင်တိုင်းဒေးက ခေတ်စားလာတာဟာ ခေတ်ရေးစီးကြောင်းလို့ပဲ ပြောရပါလိမ့်မယ်။ ဘာမဟုတ်တဲ့ ဗယ်လင်တိုင်းဒေး ဆိုတဲ့ အသုံးကလည်း နည်းနည်းတော့ ပိုပိုသာသာ ဖြစ်နေတယ်လို့ ထင်မိပါတယ်။ ဗယ်လင်တိုင်းဒေးက စီးပွားရေးသမားတွေရဲ့ အသုံးချမှု လို့ ကော်မန့်ပေးကြသလိုပါပဲ စာရေးသူကလည်း ဗယ်လင်တိုင်းဒေးကို ဗိုလ်ချုပ်ကို အမွှန်းတင်ချင်လို့ ရေးသွားတာပါပဲ၊

ဗိုလ်ချုပ်ကို လေးစားသော
စာရေးသူကို ခင်မင်သော

စာဖတ်သူ

Anonymous said...

ကျွန်တော်ဒီWEBSITE ကို ဘာလို့အခုမှသိရတာလဲလို့နောင်တရမိတယ်ဗျာ၊ ဒါတောင် သူငယ်ချင်းက ပြောပြလို့။

maungpho said...

It's a very good poem. Thank you. I think everybody who love their country, religion, race would definitely can feel this poem.