Saturday 13 June 2009

ကဝေ

မတွေ့ကြရင်၊ ကောင်းသားထင်ခဲ့၊
တွယ်ရာမဲ့သည်၊ ကိုယ်ရဲ့ဝိညာဉ်၊
စောင်းကြိုးငင်ခိုက်၊ သံစဉ်မပီ၊
ပန်းချီသမား၊ ဝေဝါးဆေးချက်၊
ဘေးထွက်လွဲအောင်၊ စွဲနှောင်ညှို့ယူ၊
သူ ကဝေလား၊ ထွေပြားစိတ်မှာ၊
အရိပ်ပါပဲ၊ လိပ်ပြာဖြတ်ယူ၊
နတ်မူဟန်သွဲ့ နွဲ့လေသူ။ ။


"ကဝေ" သို့ ....

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

4 comments:

အိ said...

မတွေ့ကြရင်၊ ကောင်းသားထင်ခဲ့၊
တွယ်ရာမဲ့သည်၊ ကိုယ်ရဲ့ဝိညာဉ်၊

ကြိုက်ပါ့ ..

Harry said...

ကျေးဇူးဗျ အိမ

hana san said...

nice. I like it. :)

Harry said...

thanks a lot, Hana