Monday, 22 June 2009

လောကဓံ

ရွှေမှန်ကင်းများ၊
အခြေကြွားသော်၊
ထင်းသားအနေခက်လိမ့်မည်။

တစ်နေ့ကြုံပြန်၊
လောကဓံကြောင့်၊
ရွှေမှန်ကင်းတို့၊
အနေချို့၍၊
မြေသို့သက်ဆင်း၊
အခြေယွင်းသည်၊
မှန်ကင်းလည်းထင်း-ထင်းလည်းထင်း။ ။


လွန်ခဲ့တဲ့ ၂၄-နှစ်က ကျနော်ရေးခဲ့တဲ့ ကဗျာအဟောင်းလေးပါ ... ကဗျာရွာမှာ အရင်ဆုံးစတင်ခဲ့တဲ့ ကဗျာတွေထဲမှာ ဒီတပုဒ်လေး အမှတ်တရ မို့ တင်လိုက်ပါတယ်။
မိုက်ပင်ပျိုးလို့ မိုက်ဆိုးမှန်နေဆဲသူများအတွက် လောကဓံဆိုတာ ဒီလောကကြီးမှာ ရှိနေသေးပါကြောင်း ....

ဟယ်ရီ