Monday 14 March 2011

တပေါင်းတစ္ဆေ

နွေတည ...
မြေခတဲ့ ပွင့်ဖူးတွေ။

ကြွေမကျပါဘူး ...
နွေဓားပြ လာခူးတာမို့၊
ဗျာလူးမျက်ရည်။

တပေါင်းတစ္ဆေ
ကျောင်းမြေကိုနင်းအလျှောက်။

ဘီလူးနွေသွမ်း၊
ခူးချွေရမ်းပေမဲ့၊
အဖူးတွေ မနွမ်းပါဘူး၊
မကြွေပန်း ပွင့်စွယ်တော်တို့၊
အမြင့်ဝယ်မော် အခြေမလွဲ၊
ဝေဆဲနွေအောက်။ ။


ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...
ဟယ်ရီ

5 comments:

မေဓာဝီ said...

ကဗျာလေးလာဖတ်သွားပါတယ်။
တပေါင်းတစ္ဆေပြီးရင် တန်ခူးတစ္ဆေလဲ ရေးအုံးနော် ဦးဟယ်ရီ။

လင်းဒီပ said...

ရှားရှားပါးပါး လေးချိုးကဗျာလေး ။ ဒီလိုမျိုးတွေရေးတာ အတော်ရှားသွားပြီဗျ ။ ဖတ်ရတာ အသံချိုတယ် :))

Harry said...

@ မေဓာဝီ => တန်ခူးတစ္ဆေက အခြောက်မခံဖူးဘူး မမေရဲ့ ....

@ လင်းဒီပ => ကျေးဇူး ကိုလင်းဒီပ ရေ ....

မင်းဒင် said...

အားပေးမြဲ အားပေးလျက်ပါ ကိုယ်ဟယ်ရီ ။
နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ ။

ခင်မင်သောအားဖြင့်

မင်းဒင်

Harry said...

ကျေးဇူးပါ အကိုရေ ...
ထပ်တူ ချမ်းမြေ့ပါစေဗျာ