Friday 12 October 2012

တေးသီငှက်

တေးသီငှက်

မျက်ရည်တစသော်မှ၊
လက်ကြွေမကျပါနှင့် ခင်။

ပင်ပန်းတာ မဆိုထား၊
မရွှင်မလန်းများပင် မမြင်ချင်။

သူမရှိ သူမမြင်၊
ပူပင်တာ သူမသိ။

လမင်းသာ၊
ညခင်းပြာတေးအရိပ်နဲ့၊
တမှေးမှိတ်ကွယ့် သဉ္ဇာလီမှာ၊
ညင်သာရည် တေးသီဆက်ဖို့၊
အသက်ဝင် ငှက်ပင်ဖြစ်ကာပေါ့၊
ထက်တခွင် သံစဉ်များနဲ့၊
ပျံသွားချင်မိ။ ။


ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...

ဟယ်ရီလွင်

1 comment:

lwannaung said...

အသစ်တင်ရင် မသိဘူး ဖြစ်ဖြစ်နေတယ်.။ ကျွန်တော့်ဆိုဒ်ကို နည်းနည်းပြင်ဦးမှ..။

လမင်းသာ
ညခင်းပြာတေးအရိပ်နဲ့
တမှေးမှိတ်ကွယ့် သဉ္ဇာလီမှာ
ညင်သာရည် တေးသီဆက်ဖို့
အသက်ဝင် ငှက်ပင်ဖြစ်သော်လည်း
ထက်တခွင် သံစဉ်များနဲ့
ပျံသွားချင်မိ။