Friday 30 November 2012

ခွေး-၂

ခွေး-၂

ခွေးထက်ယုတ်မာ
ခွေးမိစ္ဆာသို့
ခွေးနာလောက်ကိုက်
ခွေးစရိုက်နှင့်
ခွေးမိုက်ခွေးမဲ
ခွေးထက်ကဲသည့်
ခွေးဝဲစားရုပ်
ခွေးတအုပ်သည်
ခွေးလုပ်လို့ပျော်
ခွေးခေါ်မရှက်
ခွေးထက်ရိုင်းစိုင်း
ခွေးနှင့်နှိုင်းသော်
ခွေးတိုင်းကန့်ကွက်ကြလေ၏။ ။

ပထမကဗျာအောက်မှာ ကမ္ဘာ့ဖျာ ပေးသွားတဲ့ Comment လေး သဘောကျလို့ထပ်ချဲ့လိုက်ပါတယ် ... ခွေးထက်မိုက်သူများ ကြားသိကြစေကုန်သောဝ် ...

ဟယ်ရီလွင်

1 comment:

နွေတေးရှင် (မင်းဧရာ) said...

မှန်ပါ့ဗျာ
ခွေးနဲ့နှိုင်းမယ်ဆိုရင်တောင်
ခွေးတိုင်းကန့်ကွက်ကြလိမ့်မည်။