Thursday 20 December 2012

ခရမ်းပြာနှင်းဆီ

ခရမ်းပြာနှင်းဆီ


သမုဒယနွယ် တွယ်ကာယှက်လေသမျှ
အယုအယနယ် ဖယ်ခွာခက်ပါရဲ့၊
တကယ်ပါ သက်ဝေ။

ဝေဒနာနွေ အစဉ်ဝေသစ်လေသလား၊
ခြေရာတွေ ထင်စေရစ်သူရဲ့၊
သခင်နေရစ်လေ။

အတွေ့ခက်ပေ၊
နေ့ရက်တွေရှည်လျား။

သောကရင်မှာ၊
ပြောပြချင် သူမြင်မှာလား၊
ပူပင်တာ အကုန်အစင်ပြချင်ရဲ့၊
ယုံချင်မှ ယုံပါမေရယ်၊
ဆုံလာပေ ဘဝလမ်းမှာဖြင့်၊
မနမ်းသာ သင်းရီစွင့်လေတဲ့၊
ခရမ်းပြာ နှင်းဆီတပွင့်ရယ် ...
ထည်ဝင့်လေအား။ ။



မရေးဖြစ်တာကြာပြီဖြစ်တဲ့ ခရမ်းပြာဝိုင်ကို ဆက်ရေးလိုက်ပါတယ် ... အစဉ်တစိုက်ဖတ်ရှုခံစားအားပေးသူအားလုံးကို ကျေးဇူးအထူးပါခင်ဗျာ

ဟယ်ရီလွင်

2 comments:

စံပယ်ချို said...

အစကနေဆုံးတဲ့ထိ အရမ်းကိုကောင်းတယ်
၂-၃ခါတောင်ပြန်ဖတ်ခဲ့ရတယ်
ဖတ်ရတာလဲ အရသာရှိနေသလိုပဲ

Harry said...

အသေအချာ ဖတ်ပြီး ခံစားပေးတဲ့အတွက် ကျေးဇူးပါ စံပယ်ရေ