Monday 6 May 2013

ကျားတော့ကျား

ကျားတော့ကျား

တောတခို၊
ခန္ဓာကိုယ် ပတ်လည်စင်းနဲ့
ခိုရင်းကျက်စား။

လေးချောင်းခြေ၊
အမြီးရယ် ရှည်ရှည်နဲ့၊
စုံမြိုင်ခြေ မြေအနှံ့၊
ခြေဆန့်ရဲ့ နယ်တခို၊
တကယ်ဆို ကျားထင်မိပေမဲ့၊
အားအင်မရှိ မဟိန်းနိုင်၊
ယိမ်းယိုင်လို့ အစွယ်မဲ့၊
အိုဘယ့် ဖွတ်ကျား။ ။

ဟယ်ရီလွင်

2 comments:

ငြိမ်းစိုးဦး said...

အိုမင်းဒုက္ခ မာန်တွေကျ နောင်တရလျှင် တော်သေးထင် ...လို့ ပြောရမလို ...

Harry said...

အိုမင်းဒုက္ခ မာန်တွေကျ နောင်တရလျှင် တော်သေးထင် ... တဲ့ ... ကောင်းလိုက်တာဗျာ