Saturday 9 January 2010

နှောင်ကြိုးမဲ့အိပ်မက်

ဆောင်းဦးညယံ ...‎
ခြေသံဖွနင်း၊ ရင်တွင်းခိုဝင်၊
ညင်သာတိတ်တိတ်၊ မှေးမှိတ်စက်သူ၊
အိပ်မက်ညမျိုး၊ လန့်ကာနိုးမှ၊
မြူခိုးအသွင်၊ ပြန်ချင်ထွက်သွား၊
မတားရက်ပါ၊ နှင်လိုရာသို့၊
ဆက်ကာလှမ်းပေါ့၊ လွမ်းတော့လွမ်းမယ်၊
တကယ်ဆိုရင်၊ သည်ရင်ခွင်မှာ၊
ခြေရာသဲ့သဲ့၊ သူချန်ခဲ့သည့်၊
သွဲ့သွဲ့ရနံ့၊ ဆွတ်ပျံ့ရည်မူး၊
စက်ရာဦးတွင်၊ သည်းမှူးဝတ်ရည်၊
တည်နေမည်လေ၊ သူခြေရာဆက်၊
ခရီးထွက်ရင်း၊ ချိုင့်ခွက်ထူပြော၊
ဘဝတောလည်၊ အမောဖြေဖို့၊
ကြုံလို့ဖြစ်စေ၊ လမ်းနေသင့်ရင်၊
ကြယ်စင်တသောင်း၊ အိပ်မက်ဟောင်းသို့၊
ပြန်ပြောင်းခဏ ဝင်လှည့်ပါ။ ။


‎ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

6 comments:

johnmoeeain said...

ခရမ်းပြာအတွက်တော့
ကိုယ်က "နှောင်ကြိုးမဲ့အိပ်မက်"
ကိုယ့်အတွက်ကတော့
ခရမ်းပြာက "ကြိုးမဲ့ ချည်တိုင်"......

ဘာရယ်မဟုတ်ဖူး....
ကဗျာလေးဖတ်ပြီး ဒီလို ခံစားလိုက်မိလို့ပါ....အစ်ကိုရေ. :)

Good Health & Good wealth Bro!!!
johnmoeeain

Harry said...

ဟုတ်ပ မိုးအိမ်ရယ် ...
အဲဒီလိုပါပဲ ... နှစ်ခုလုံးကတော့ ကြိုးမဲ့ တွေချည်းပဲပေါ့ ...

အိ said...

ဟင့် ၀မ်းနည်းသွားပြီ ပြန်ရော် ကိုဟယ်ရီ။
happy poem ရေးဗျာ

Harry said...

မလျော်ပါဘူး ...
happy poem ရေးတဲ့ ... မရေးတတ်ဘူး
ဒုက္ခပဲ

ကြယ်ပြာ said...

လေးလုံးစပ်ကဗျာလေးကိုလာခံစားသွားပါတယ် ...

Harry said...

ကျေးဇူးပါ ကြယ်ပြာရေ