Wednesday 13 February 2013

ဖေဖော်ဝါရီ ဆယ့်သုံးမှာ ...

တိုင်းပြည်အပေါ် ကျေးဇူးကြွေးများ ဆပ်သွားခဲ့လေသလား ....
အရင်းအနေနဲ့ အသက်ကို ပေးပြီး ...
အတိုးအနေနဲ့ သမီးထွေးလေးကိုပါ ထပ်ပေးခဲ့သေးရဲ့ ...

၁၉၁၅ မတိုင်မီအထိ ...
ဖေဖော်ဝါရီ ၁၃-ရက်နေ့ဟာ ...
ပြက္ခဒိန်ထဲက သာမန်နေ့တနေ့ထက် မပိုပါ ...

ဟယ်ရီလွင်

Read More...

Tuesday 12 February 2013

ချစ်သူများနေ့တဲ့လားနှင့် ပတ်သက်၍ ...

အခု ကဗျာဆရာ မောင်လွမ်းဝေက ခွင့်လွှတ်ဖို့ ဝန်ခံတောင်းပန်ထားပါတယ် ... သူ့အနေနဲ့ Forward mail က ရောက်လာတဲ့ ကဗျာကို တွေ့လို့ ကျနော်ရေးမှန်းလည်း မသိလို့ သူ ထပ်ဆင့် ခံစားပြီး ရေးဖွဲ့ထားတာ ဖြစ်ကြောင်းလည်း ရှင်းပြပါတယ် .. ကျနော့်ကိုလည်း ကိုယ်တိုင်ဆက်သွယ်ပြီး တောင်းပန်ပါတယ် ... ဒီကိစ္စမှာ ကျနော့်ကဗျာ ဖြစ်ကြောင်း သိတဲ့အချိန်ကစပြီး ကျနော့်ကို ဆက်သွယ်ဖို့ သူကြိုးစားခဲ့ပါတယ် ဆိုတာလည်း မှန်ပါတယ် ... အကြောင်းကြောင်းကြောင့် online တက်တဲ့ အချိန်ချင်း မတူလို့ အချိန်မီ ဆက်သွယ်လို့ မရခဲ့ခြင်း ဖြစ်ပါတယ် ... သူ့ပို့စ်ကို ဒီမှာ ဖတ်ကြည့်နိုင်ပါတယ် ... အခုလို ယောက်ျားပီပီ ပွင့်ပွင့်လင်းလင်း ရှင်းရှင်းလင်းလင်း ဝန်ခံတောင်းပန်တဲ့ မောင်လွမ်းဝေ ရဲ့ စိတ်ဓာတ်ကိုလည်း ချီးကျုး ဂုဏ်ယူပါတယ် ... ကျနော့်အနေနဲ့လည်း နားလည်ကျေနပ်ကြောင်း ခွင့်လည်းခွင့်လွှတ်ပါကြောင်း အားလုံးကို အသိပေးလို ပါတယ် ...

https://www.facebook.com/photo.php?fbid=420043518082881&set=a.254274497993118.61840.100002317091254&type=1&theater

ဟယ်ရီလွင်

Read More...

Thursday 7 February 2013

နောက်တခါ ... လာပြန်ချည်သေး ...

နောက်တခါ ... လာပြန်ချည်သေး ...

ကျနော်ရေးထားဖူးတဲ့ "ချစ်သူများနေ့တဲ့လား" ဆိုတဲ့ ကဗျာကို မှတ်မိကြဦးမယ် ထင်ပါတယ် ...
အဲဒီကဗျာကို စာလုံးနည်းနည်းလေးပြောင်းထားတာကလွဲလို့ အတွေးရော ပုံစံ အသွားအလာပါ တထပ်တည်း ကူးထားတဲ့ ကဗျာတပုဒ် အခု ထပ်တွေ့ရပါတယ် ... ကဗျာဆရာ လွမ်းဝေဆိုတဲ့ ပုဂ္ဂိုလ်ရေးထားတာပါ ... အောက်ကလင့်ခ်မှာ ဖတ်ကြည့်နိုင်ပါတယ် ...

http://www.facebook.com/photo.php?fbid=409573575800848&set=a.329330483825158.78075.322396224518584&type=1&comment_id=1238646&notif_t=photo_reply

ကျနော့်ကဗျာ မူရင်းကိုတော့ ဒီမှာ ပြန်ဖတ်နိုင်ပါတယ် ခင်ဗျာ ...

http://www.facebook.com/note.php?note_id=473246930391
http://harrylwin.blogspot.com/2009/02/blog-post_14.html

ကျနော်ပြောတာ မှန်မမှန် ယှဉ်ဖတ်ကြည့်ရင် သိနိုင်ပါလိမ့်မယ် ...

Ethic ဆိုတာ ဂျို(ချို)နဲ့လားကွယ့် လေသံများတောင် ဟ,ဘူးကွယ် လို့ ကျနော် ရေးခဲ့ဖူးပါတယ် ... အခုလည်း တခွန်းတည်းပဲ ပြောချင်ပါတယ် ...

"လိပ်ပြာသန့်သန့်နဲ့ အိပ်ရာဝင်နိုင်ပါစေ ကဗျာဆရာ ကိုလွမ်းဝေ ခင်ဗျား ... "

ဟယ်ရီလွင်

Read More...