Showing posts with label မောင်စိန်ဝင်း(ပုတီးကုန်း) ၏ ကဗျာများ. Show all posts
Showing posts with label မောင်စိန်ဝင်း(ပုတီးကုန်း) ၏ ကဗျာများ. Show all posts

Sunday, 11 December 2011

သစ်တောနဲ့မြစ်

သစ်တောနဲ့မြစ်

(၁)

ကိုယ့်တိုင်းပြည် ကိုယ်ချစ်မှ၊
ကိုယ့်သစ်တော ကိုယ်ခင်မည်။

ရေဝေတောတွေ ထိမ်းသိမ်းလို့၊
စိမ်းစိမ်းညို့ ဟိုတောင်ဆီ။

သစ်တောနဲ့ရာသီ၊
မြန်မာပြည်ရဲ့ အသက်။

တောပြုန်းကာ ရာသီဆိုးမှာ၊
မိုးလေကဖျက်။ ။

(၂)

ကိုယ့်လူမျိုး ကိုယ်ချစ်မှ၊
ကိုယ့်မြစ်ချောင်း ကိုယ်ခင်တွယ်။

ဘိုးဘွားအမွေ အမှတ်မျိုး၊
မြတ်နိုးနိုင်မယ်။

ကိုယ့်မြစ်ချောင်း ကိုယ်ကာကွယ်၊
မြန်မာ ... ရယ်လို့ ကမ္ဗည်းထိုး။

ရွှေမမက်ပါဘူး၊
ငွေမမက်ပါဘူး၊
ရေတစ်စက်ကို အသွေးအသားလို၊
အလေးထားကာ ချစ်သလောက်၊
မြစ်ပျောက်မှာစိုး။ ။


မောင်စိန်ဝင်း (ပုတီးကုန်း)

Read More...

Tuesday, 2 August 2011

မြစ်ကော

မြစ်မကောအောင်လို့၊
သစ်တောတို့ စိမ်းရပေမည်။

ရေဝေတောတွေ ဆိုင်းစို့စို့၊
မှိုင်းညို့ညို့မှုန်ရီ။

ချင်းတွင်းနှင့်ဧရာဝတီ၊
ရေပြာကြည်သမျှ မြန်မာ့သွေးဟေ့။

တတောလုံးပြောင်၊
တတောင်လုံးလင်း၊
မြစ်ကျဉ်းကာသောင်တွေပေါ်တော့၊
နောင်အရှည်မမျှော် မြန်မာပျောက်အောင်လို့၊
ကိုယ့်သွေးကို ကိုယ်ပြန်သောက်နေကြ၊
စိုးကြောက်ဖွယ် အပြစ်သဘောနဲ့၊
မြစ်ကောမယ့်နေ့။ ။

မောင်စိန်ဝင်း (ပုတီးကုန်း)

Read More...