Tuesday 2 August 2011

မြစ်ကော

မြစ်မကောအောင်လို့၊
သစ်တောတို့ စိမ်းရပေမည်။

ရေဝေတောတွေ ဆိုင်းစို့စို့၊
မှိုင်းညို့ညို့မှုန်ရီ။

ချင်းတွင်းနှင့်ဧရာဝတီ၊
ရေပြာကြည်သမျှ မြန်မာ့သွေးဟေ့။

တတောလုံးပြောင်၊
တတောင်လုံးလင်း၊
မြစ်ကျဉ်းကာသောင်တွေပေါ်တော့၊
နောင်အရှည်မမျှော် မြန်မာပျောက်အောင်လို့၊
ကိုယ့်သွေးကို ကိုယ်ပြန်သောက်နေကြ၊
စိုးကြောက်ဖွယ် အပြစ်သဘောနဲ့၊
မြစ်ကောမယ့်နေ့။ ။

မောင်စိန်ဝင်း (ပုတီးကုန်း)

3 comments:

မေဓာဝီ said...

မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ အဲဒီကဗျာ မဖတ်ဖူးသေးဘူ ဦးဟယ်ရီ။
ကိုယ့်သွေးကို ကိုယ်ပြန်သောက်နေကြတာ အဟုတ်ပဲ။
ကဗျာလေးက ကောင်းလိုက်တာ။

Angelhlaing(May everybody be happy and healthy! said...

ပြန်လည်မျှဝေပေးလို့ ကျေးဇူးပါအကို...ခုမှပဲ ဖတ်ဖူးတယ်....:)

mstint said...

လာရောက်အားပေးသွားပါတယ်ကွယ်။
စိတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်