Friday 29 July 2011

ကြယ်ကြွေမိုး

စပယ်တွေ၊
တကယ်ကြွေကြပြီပေါ့၊
ကြယ်ချွေညဆိုး။

ရင်ခွင်မှာ၊
မြင်မြင်ရာ မိုးတွေက၊
တွင်တွင်ရွာ ဖြိုးနေမြဲပါပဲ၊
ညှိုးကြွေဆဲ စိတ်အစဉ်မှာ၊
အရိပ်ထင်လာ အိပ်မက်ဆိုးသာပေါ့၊
သြော် ... တိမ်ထက်မိုးမှာ ပျော်ပါမေရယ်၊
မျှော်ကာဖွေ တထောင့်ကွယ်က၊
စောင့်မယ်လေ စပယ်တွေပျိုးပါလို့၊
မောင့်ကြယ်ကြွေမိုး။ ။


ညီလေး John (John Yoharmar) အတွက် ....
မိုးတွေစဲပါစေတော့ ညီလေးရေ ...

မေတ္တာဖြင့် ....
အကိုဟယ်ရီ

5 comments:

အလင်းသစ် said...

ဂျီတော့နစ်တွေရဲ့ စီအမ်တွေမှာ အမြတ်တနိုးတင်ထား ကြတဲ့အထိ အကို့ရေးသားချက်တွေက ပြောင်မြောက် ပါပေတယ်။။။ လေးစား အားပေးလျက်ပါ။။။

Angelhlaing(May everybody be happy and healthy! said...

ရင်ခွင်မှာ၊
မြင်မြင်ရာ မိုးတွေက၊
တွင်တွင်ရွာ ဖြိုးနေမြဲပါပဲ၊
ညှိုးကြွေဆဲ စိတ်အစဉ်မှာ၊
အရိပ်ထင်လာ အိပ်မက်ဆိုးသာပေါ့၊
သြော် ... တိမ်ထက်မိုးမှာ ပျော်ပါမေရယ်၊
မျှော်ကာဖွေ တထောင့်ကွယ်က၊
စောင့်မယ်လေ စပယ်တွေပျိုးပါလို့၊
မောင့်ကြယ်ကြွေမိုး။ ။

မိုက်တယ် အကို..

lwannaung said...

ကြိုက်တယ်အစ်ကိုရေ......အမြဲအားပေးနေမယ်။
ဂျီတော့မှာ အကောင့်လည်း အဒ်ထားသေးတယ်ဗျ.။

Harry said...

အားပေးတဲ့အတွက် အားလုံးကို ကျေးဇူးပါဗျာ ...
@lwannaung => ညီလေးရေ ... add ထားတာ accept လုပ်ပြီးပါပြီ ... :D

mstint said...

ကဗျာကောင်းလေးတစ်ပုဒ် ဝင်ဖတ်သွားပါတယ်ကွယ်။
ကဗျာ ပို့စ်အဟောင်းတစ်ချို့လည်း ဖတ်သွားတယ်။ ကျေးဇူးပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်