Friday 12 August 2011

မဟာနဒီ၏ ဈာပန နိဒါန်း

အကြေအညာဆက်ပေး၊
ပြေ(ပြည်)မြန်မာအသက်သွေးမို့၊
ရတက်မအေးပါ မဟာနဒီ။

မြစ်နှစ်စင်းဟာ၊
မြစ်မင်းမဟာဖြစ်၊
ကြာရစ်လေပြီ။

ခင်ဝမ်းရဲ့ ဧရာဝတီ၊
ရွှေဝါပြည်ရဲ့ ဇာတိသမိုင်း။

မပြစ်မှားလေနဲ့၊
မြစ်ဖျားမှာ ဆည်တွေပိတ်ရင်ဖြင့်၊
အပြစ်များစွာ ကြွယ်နေလိမ့်ပေမပေါ့၊
ရေဆိပ်တွေ မသွေခမ်းပါလို့၊
ရေလမ်းတွေ တွင်တွင်ကျဉ်းပါလိမ့်၊
ရေဆင်းဟာ အလျဉ်နှေးကာပ၊
ရင်သွေးတွေ ရေမဝနိုင်ဘူး၊
ဂေဟတွေ ဖြစ်စဉ်ပျက်ရုံမက၊
မြစ်ပြင်နက် တိမ်ကောကာ၊
ကျိန်ပြောပါမှ “မြစ်” ဆိုရပါလျှင်၊
ခေတ်ကိုပြတဲ့ ကြေးမုံအင်မှာ၊
တေးပုံပြင် စာတင်နှိုင်းလာသမျှဟာ
ကွယ် ... ရာဇဝင်ရိုင်း။ ။

မြစ်မင်းကို ကယ်တင်ကြပါစို့ ... တတ်နိုင်သမျှ လက်ဆင့်ကမ်းပေးကြပါရန် အထူးပန်ကြားအပ်ပါသည် ...

ဟယ်ရီလွင်

3 comments:

ကြယ်ပြာ said...

ကဗျာလေး လာဖတ်သွားပါတယ် ..

Anonymous said...

ကိုခမ်းပြာရေ...

သဘောကျလွန်းလို့ Face Box ပေါ်တင်လိုက်တယ်..
ရွင်လန်းချမ်းမြေ့ပါစေ....
ချယ်ရီမြေ

Harry said...

ကျေးဇူးတင်ပါတယ်ခင်ဗျ ... တတ်နိုင်သမျှ ဆက်လက် ဖြန့်ဝေပေးကြပါ