Tuesday 12 February 2013

ချစ်သူများနေ့တဲ့လားနှင့် ပတ်သက်၍ ...

အခု ကဗျာဆရာ မောင်လွမ်းဝေက ခွင့်လွှတ်ဖို့ ဝန်ခံတောင်းပန်ထားပါတယ် ... သူ့အနေနဲ့ Forward mail က ရောက်လာတဲ့ ကဗျာကို တွေ့လို့ ကျနော်ရေးမှန်းလည်း မသိလို့ သူ ထပ်ဆင့် ခံစားပြီး ရေးဖွဲ့ထားတာ ဖြစ်ကြောင်းလည်း ရှင်းပြပါတယ် .. ကျနော့်ကိုလည်း ကိုယ်တိုင်ဆက်သွယ်ပြီး တောင်းပန်ပါတယ် ... ဒီကိစ္စမှာ ကျနော့်ကဗျာ ဖြစ်ကြောင်း သိတဲ့အချိန်ကစပြီး ကျနော့်ကို ဆက်သွယ်ဖို့ သူကြိုးစားခဲ့ပါတယ် ဆိုတာလည်း မှန်ပါတယ် ... အကြောင်းကြောင်းကြောင့် online တက်တဲ့ အချိန်ချင်း မတူလို့ အချိန်မီ ဆက်သွယ်လို့ မရခဲ့ခြင်း ဖြစ်ပါတယ် ... သူ့ပို့စ်ကို ဒီမှာ ဖတ်ကြည့်နိုင်ပါတယ် ... အခုလို ယောက်ျားပီပီ ပွင့်ပွင့်လင်းလင်း ရှင်းရှင်းလင်းလင်း ဝန်ခံတောင်းပန်တဲ့ မောင်လွမ်းဝေ ရဲ့ စိတ်ဓာတ်ကိုလည်း ချီးကျုး ဂုဏ်ယူပါတယ် ... ကျနော့်အနေနဲ့လည်း နားလည်ကျေနပ်ကြောင်း ခွင့်လည်းခွင့်လွှတ်ပါကြောင်း အားလုံးကို အသိပေးလို ပါတယ် ...

https://www.facebook.com/photo.php?fbid=420043518082881&set=a.254274497993118.61840.100002317091254&type=1&theater

ဟယ်ရီလွင်

No comments: