Tuesday, 2 March 2010

စိမ်း

‎‎‎‎‎‎

စိမ်‎း‎သခင်စိမ်‎း‎‎‎ထင်ပြ၊‎‎စိမ်း‎‎‎ပင်မြ‎‎စိမ်း‎‎‎ဆင်၊
‎စိမ်‎း‎‎‎သွင်လျ‎‎စိမ်‎း‎‎‎ပြင်ပြင်၊‎‎စိမ်း‎‎‎အစဉ်‎‎စိမ်း‎‎‎ရက်၊‎
စိမ်‎း‎‎‎တသက်‎စိမ်‎း‎မျက်ခြယ်၊‎‎စိမ်း‎‎‎လက်ဝယ်‎‎စိမ်း‎‎‎ပုံဆင်လျက်။‎
‎စိမ်‎း‎‎‎ရင့်ရင့်‎‎စိမ်‎း‎‎‎ဆင့်ရာ၊‎‎စိမ်း‎‎‎ပွင့်ညှာ‎‎စိမ်း‎‎‎ရွက်၊‎
‎စိမ်‎း‎‎‎ရင့်ဖြာ‎‎စိမ်‎း‎‎‎ဖက်လို့၊‎‎စိမ်း‎‎‎ခက်ခက်‎‎စိမ်း‎‎‎မူ၊‎
‎စိမ်‎း‎‎‎တမင်‎‎စိမ်‎း‎‎‎ပင်စိုက်ပါလို့၊‎‎စိမ်း‎‎‎ရင်ပိုက်‎‎စိမ်း‎‎‎ရက်လေသူ။‎
‎စိမ်‎း‎‎‎သွေ့သွေ့‎‎စိမ်‎း‎‎‎ငွေ့ပူ၊‎‎စိမ်း‎‎‎လေ့သူ‎‎စိမ်း‎‎‎ဝေလွင့်၊‎
စိမ်‎း‎‎‎လေဝင့်‎‎စိမ်‎း‎‎‎လှတိမ်းဖွေ၊‎‎စိမ်း‎‎‎မြ‎‎စိမ်း‎‎‎မြေ၊‎
စိမ်‎း‎‎‎ဝေတဲ့‎‎စိမ်‎း‎‎‎မြူခြေ၊‎‎စိမ်း‎‎‎သူရေ‎‎စိမ်း‎‎‎ရက်လှလေး‎။ ။‎
‎


လေးထပ်ကြော့ စကြာတေးထပ်လေးပါ .... "စိမ်း" တလုံးတည်းကို အပိုဒ်ငယ်တိုင်းရဲ့ အစ စာလုံးနဲ့ အပိုဒ်ဝက်ရဲ့ အစ စာလုံးတွေမှာ မူတည်ပြီး ပတ်လည်ရေးထားတာပါ။ ဒီလိုပုံနဲ့လည်း ရေးလေ့ရှိပါတယ် ....



ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

11 comments:

အိ said...

စိမ်းစိမ်းစိမ်း မျက်လုံးတွေကျိန်းတယ် ခွိခွိ စတာပါဂျ
လေးစားပါတယ်ကိုဟယ်ရီရေ။ ကြုံတုန်းပူဆာဦးမှ
ခရမ်းပြာ ကဗျာရေးဦး ဟိဟိ

သွယ်လင်းဆက် said...

အကိုရေ အခုမှဖတ်ဖူးတာ....... ဘယ်ခေတ်မှာ စရေးခဲ့ပြီး ဘယ်လိုအခြေအနေ၊ စရိုက်မျိုးမှာ
ရေးဖွဲ့လေ့ရှိလဲ ခင်ဗျ?

manawphyulay said...

အစိမ်းရောင်ဝတ်နဲ့ အစိမ်းရောင်မင်းသမီးလေးတစ်ပါး အစိမ်းရောင်နယ်မြေကို စိမ်းလန်းစွာ ရောက်ရှိလာခဲ့ပါတယ်။

Harry said...

ရေးပါ့မယ် အိမရယ် ... ပူပဲ ပူဆာနိုင်လွန်း ...
မနောဖြူရေ .. ဒါဆို ညီမနာမည်ကို မနောစိမ်းလို့ပြောင်းလိုက်တော့ ...

ညီလေး သွယ်လင်းဆက်ရေ ... တေးထပ်က စလေဦးပုည တို့ ရတနာပုံခေတ်မှာ အများဆုံး ထွန်းကားတယ်လို့ ဆိုပေမဲ့ ကုန်းဘောင်ခေတ် ဘိုးတော်မင်းတရား လက်ထက် ၁၁၈၀ ခုနှစ်လောက်မှာ ရှစ်ဆယ်ပေါ်တေးထပ်က ပေါ်ထွန်းလာတယ် ဆိုတာကို ထောက်ရင် အဲဒီ အစောပိုင်းကာလ ကတည်းက ပေါ်နေတယ်လို့ ယူဆနိုင်ပါတယ်။ ရေးတာကတော့ ဘယ်အခြေအနေ စရိုက်မှာမဆို ရေးလို့ရပါတယ်။ တေးထပ်က အမြဲတမ်း "လေး" နဲ့ အဆုံးသတ်ရပါတယ်။ ပုံမှန် တေးထပ်တွေအားလုံးမှာ အပိုဒ်ရေ ၁၈-ပိုဒ် အတိအကျ ထားရပါတယ်။ (ကိုယ်တွင်းပြည့် ကလွဲလို့ပေါ့)

Anonymous said...

အစိမ်းရောင်တွေတွေ့လို့ စိတ်ဝင်တစား လာဖတ်သွားတာ
ကိုယ်က အစိမ်းရောင်ကြိုက်တယ်လေ
ကျေးဇူးပါ... မှတ်သားစရာပါဘဲ

ဟန်သစ်ငြိမ် said...

အစ်ကိုရေ...

ကျွန်တော်လည်း တစ်ပုဒ်တင်ထားပါတယ်။ “လွမ်း” တစ်လုံးတည်းပါဗျို့။ ထင်မြင်ချက်လေး ပေးပါဦးဗျာ။

ဟန်သစ်ငြိမ် said...

အစ်ကိုရေ... ဒီကဗျာလေးကိုလည်း ကြိုက်တယ်ဗျို့... ဒီပုံစံမျိုး အချိန်ရတဲ့အခါ တစ်ပုဒ်လောက် ကြိုးစားရေးကြည့်ဦးမယ်ဗျာ...။ အစ်ကိုက “စိမ်း” ဆိုတော့ ကျွန်တော်က “ဝါ၊ နီ၊ ပြာ” တစ်ခုခု လုပ်ကြည့်မယ်... အဟိ။

ခင်မင်စွာဖြင့်
ဟန်သစ်ငြိမ်

သွယ်လင်းဆက် said...

အကိုဟယ်ရီရေ ကျေးဇူးပါ ခုလိုဂရုတစိုက်ဖြေပေးတဲ့အတွက်။ သေချာမှတ်သားထားပါ့မယ်။

johnmoeeain said...

oom :0
ဒီလို ကဗျာအမျိုးအစားမျိုးကို မသိအောင်
တော်တော် ဗဟုသုတ နည်းခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်တောင် သနားသွားပြီ.... :(
စိမ်းစိမ်းကားကား ကဗျာပြီးရင် နောက် တစ်မျိုး....
စောင့်မျှော်နေပါ့မယ် :D

MDW said...

ဗျို့ ဦးဟယ်ရိ ခုထိ စိမ်းနေတုန်းလား။ အ၀ါလေး အပြာလေးလဲ လုပ်ပါအုံး။ မတွေ့တာကြာလို့ လာအော်တာ။ ရန်ကုန်ပြန်သွားပြီလား။ :)

ဂျေဂျူဝိုင် said...

အော် စိမ်း စိမ်း