Saturday 1 January 2011

နှစ်ဦးအပ်ကြောင်း

ရာသီခွင်တပတ်ရွေ့၊
အမြတ်မတွေ့ပါ ပျောက်သုဉ်း၊
နောက်ဆုံးတော့လည်း ဒီအဖြေ။

အချိန်ရထားက၊
အိမ်မက်များကိုချွေ။

တနှစ်ကြွေ၊
အသစ်တွေ ဘယ်မလဲ။

အပြောင်းအလဲဟာ၊
အဟောင်းထဲမှာ ရှာမတွေ့နိုင်ဘူး၊
မြောင်းထဲမှာ ကြာမွေ့နေသမျှ၊
ကမ္ဘာရွေ့တောင် အလင်းဝေဦးမှာလား၊
ရှင်းလေဦး နှစ်ဦးရေ၊
တနှစ်ကူးလေတိုင်း၊
အသစ်အဖူးတွေ တဝေဝေနဲ့၊
ရေမြေမှာ လေပြည်သစ်ကိုတော့၊
မျှော်လင့်ရစ်ဆဲ။ ။


နှစ်ဟောင်းကို ဒီကဗျာလေးနဲ့ နှုတ်ဆက်လိုက်ပါတယ် ...
နှစ်ဦးမှာတော့ အသစ်အထူးတွေနဲ့ ပျော်နိုင်ကြပါစေလို့ အားလုံးကို ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ခင်ဗျား ....
မင်္ဂလာနှစ်သစ် ဖြစ်ကြပါစေ ...

ဟယ်ရီ

2 comments:

မေဓာဝီ said...

ဦးဟယ်ရီ ပျောက်နေလို့ လူပျောက်ကြော်ငြာထည့်တော့မလို့ ... ။
နှစ်ဦးအပ်ကြောင်းက ခဏခဏ ထပ်ပါများပြီး အက်ကြောင်း ဖြစ်မှာတော့ စိုးရိမ်မိသား ဦးဟယ်ရီရေ ... ။

ကဗျာလေး သိပ်ကောင်းပါတယ် ... မင်္ဂလာနှစ်သစ် ၂၀၁၁ ဖြစ်ပါစေ ... ။

မင်းဒင် said...

အသစ်အဖူးတွေ တဝေဝေနဲ့၊
ရေမြေမှာ လေပြည်သစ်ကိုတော့၊
မျှော်လင့်ရစ်ဆဲ။ ။

အဖြစ်ချင်းတူလိုက်လေဗျာ

ခင်မင်လျက်

မင်းဒင်