Wednesday 19 June 2013

ဒေါင်းမိခင်တပါး

ဒေါင်းမိခင်တပါး


မရှောင်စတမ်း၊
အရောင်လန်းပေရဲ့၊
အောင်ဆန်းတဲ့စုကြည်။

မြန်မာပြည်ဝယ် အခြေပြုပါတဲ့၊
ဇာနည်ကြယ် အမေစုဟေ့၊
မြေထုကိုတဲ့ သက်သေတည်။

အဖေ့သွေးပေမို့၊
ရှေ့ရေးကို သူမြော်မြင်၊
ပေါ်ပင်တွေ သူ မလိုက်၊
လူကြိုက်စေရေး မဟစ်ပါ၊
လူမိုက်တွေတွေး အပြစ်ရှာလည်း၊
ချစ်ရှာဆဲပါ သူ့တိုင်းပြည်၊
တုနှိုင်းမမီ ပြိုင်စံရှား။

အမှန်မြင်၊
ဉာဏ်ယှဉ်ကာ ပညာရှိပေမို့၊
အစဉ်သာသတိနဲ့ သူအမြဲဆို၊
အယူလွဲကို အားမပေး၊
အမှားအတွေးဘက် သူမယိမ်းရုံမက၊
အများအရေးတွက် အယူမတိမ်းပါဘူး၊
လူပြိန်းတွေ နားမဝင်လည်း၊
အားအင်မြဲထည့် ဇွဲညီညီ၊
ရဲနီနီ မပြောင်းဝိညာဉ်နဲ့
အမြဲတည်ကြည် ကောင်းသတိယှဉ်တဲ့၊
ဒေါင်းမိခင်တပါး။ ။

ဒေါ်အောင်ဆန်းစုကြည် ၆၈-နှစ်မြောက် မွေးနေ့မင်္ဂလာ အား ဂုဏ်ပြုလျက် ...
အမေစု သက်တော်ရာကျော်ရှည်၍ ကျန်းမာချမ်းသာလန်းဖြာစွာဖြင့် ဆက်လက်၍ ပြည့်ကျိုးဆောင်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သရင်း ဤကဗျာဖြင့် ကန်တော့ပန်း ဆင်လိုက်ပါသည်။

ဟယ်ရီလွင်

သရုပ်ဖော် ပန်းချီ - ဗညားလင်း
(အချောမသပ်ရသေးတဲ့ ပုံတောင် တော်တော်ကောင်းနေပါပြီ ... ကြိုက်လွန်းလို့ ခွင့်တောင်းပြီး တင်လိုက်တာပါ)

1 comment:

ဒီခေတ်လူ said...

မရှောင်စတမ်း၊
အရောင်လန်းပေရဲ့၊
အောင်ဆန်းတဲ့စုကြည်။

အဲဒီအချိုးလေးကြိုက်တယ်ဆျာ