Thursday 17 October 2013

မြင်းသားဖွဲ့ တေးထပ်

သီတင်းကျွတ်အခါသမယမှာ လူငယ်ကဗျာဆရာလေးတွေက ဘုရားတရားကို ပူဇော်တဲ့ ကဗျာတွေ ရေးဖွဲ့ပြီး ယဉ်ကျေးလိမ္မာကြသလောက် မိုက်ပင်ပျိုး၍ မိုက်ဆိုးမိုက်မဲ မိုက်မြဲမိုက်လျက်ရှိနေတဲ့ ကျနော် မောင်ဟယ်ရီကတော့ လူမိုက်ကြီးပီပီ အရက်နဲ့ မြင်းသားအကြောင်း သုံးချက်ညီတေးထပ်တပုဒ်ကို မျက်နှာပြောင်ပြောင်နဲ့ ခပ်တည်တည် ဆက်ရေးပါတယ် ခင်ည ... ဆဲသွားကြပါကုန် ... ဟေဟေဟေ

မြင်းသားဖွဲ့ တေးထပ်

မြင်းသား မြင်းသားနဲ့၊
အငြင်းပွားတဲ့ အိုအဆွေ၊
မစဉ်းစားနဲ့ ချိုသလေ၊
အပိုတွေ မပြော၊
ပါးစပ်ဖျား ဆတ်သားပမာ၊
အပြတ်ဝါးမှာ တွေးလို့မြင်သေး။

ညီမွန်လှ ချီရွန်ဟာ၊
အတည်လွန်စွာ အမှန်တွေး၊
ရည်မွန်စွာ အကြံပေးတာကြောင့်၊
မြန်မနှေး ပြေးကာ၊
ပန်းကန်ဆီ ဟန်ညီလက်၊
ဘရန်ဒီခွက် သွက်သွက်သောက်ပါ။

သင်းကြည်တဲ့ ပုလင်းနီတျာ၊
ပြင်းရီကာ ရှဝေမူးပါလို့၊
ညနေထူး မြင်းသားအမှန်တည်၊
အပြင်းစား ဘရန်ဒီ၊
မယွင်းစား အကြွင်းများမကျန်သည်၊
မင်းတရားဟန် စည်းစိမ်ကွယ့်လေး။ ။

ဟယ်ရီလွင်

(သုံးချက်ညီ တေးထပ်)

ခက်ဆစ်
ချီရွန် = ကဗျာဆြာကြီး (ဟု သူ့ကိုယ်သူ သတ်မှတ်သူ) ချီရွန်(ပုလဲ)

မောင်ချီရွန် မြှောက်ပေးလို့ သောက်မိစားမိခြင်းဖြစ်ပါ၍ ယမမင်း၏ ခွေးရေပုရပိုက်တွင် အကုသိုလ် ခွဲတမ်းထဲပါသူ ဒင်းကိုပါ မှတ်သားထားစေလိုပါကြောင်း ... အပြစ်တင်လိုပါကလည်း ထိုငနဲကိုပါ ရော၍အပြစ်တင်ကြပါကုန် ...

အလုပ်များနေ၍တကြောင်း ... ကွန်နက်ရှင်မကောင်း၍တကြောင်း ... အခြားအကြောင်းများကြောင့်နှင့်လည်းပေါင်းစုံ၍ ပို့စ်များ မတင်နိုင်ခြင်းကို ခွင့်လွှတ်ပေးကြပါရန် တောင်းပန်ပါသည် ခင်ဗျား ...

ဟယ်ရီလွင်

1 comment:

Kennethwongsf said...

Impressive rhyme scheme--a format that's only found in classical Burmese poems nowadays.