စွယ်တော်ရိပ်သမိုင်း
အမှန်ဝေးခဲ့ပေမယ့်၊
ပြန်တွေးတိုင်း ရင်ခုန်၊
မြင်ရုံနဲ့ ရင်မှာနွေး၊
အစဉ်အလာမသေးတဲ့ အမိစွယ်တော်။
သင်မြင်ဆရာတွေနဲ့၊
အင်ဂျင်နီယာ ပညာရပ်ကို၊
သင်ကာတတ်ဖို့ အစထွင်ခဲ့ရာ၊
ဘဝတခွင် နှောင်းအတိတ်က၊
ကျောင်းရိပ်မှာပျော်။
ခဏခိုခဲ့အပြီး၊
ဘဝဆိုတဲ့ခရီးနှင်ရစဉ်၊
ရင်မှအစဉ် နာကျင်စွာပဲ၊
စာသင်ရာ ကျောင်းတော်နဲ့၊
အပေါင်းအဖော်တို့ကို ခွဲခွာရသော်လည်း၊
အမြဲသာမမေ့အစဉ်အတွေးပေါ်၊
အမေ့ရင်သွေးတဖော် မျက်ရည်ဝိုင်း။
အဖြစ်အပျက်တွေစုံ၊
နှစ်ရက်တွေကုန်လွန်လာတော့၊
ရဂုံမွန် ကျောင်းတော်ရိပ်ဟာ၊
အိပ်မက်ပမာ သင်္ခါရလို၊
မြင်လာသမျှ အကုန်အစင်ပြောင်းခဲ့လည်း၊
အစဉ်ထာဝရ ပုံပြင်ဟောင်းနဲ့၊
ကျောင်းရဲ့ လက္ခဏာ၊
မနှောင်းခဲ့ တသက်မှာ၊
လက်ဖြာလက်ဖြာလွင်၊
ဆက်ကာပင် ရှင်သန်ဦးမှာပဲ၊
ထင်ကျန်တုန်းပါ ကမ္ဘာတည်မယ့်၊
မြန်မာပြည်ရဲ့ တကယ်အကျော်၊
မပြယ်နော်အတိတ်လှိုင်းတွေနဲ့၊
စွယ်တော်ရိပ်သမိုင်း။
(မြန်မာအင်ဂျင်နီယာ ဖိုရမ်နှစ်ပတ်လည် စာစောင်အတွက်)
ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ
3 comments:
ဆိုင်သာဆိုင် မပိုင်ခဲ့တဲ့
စွယ်တော်သမိုင်းကို
နက်နက်ရှိုင်းရှိုင်း
ခံစားရင်း.......
ဆိုင်သာဆိုင် မပိုင်ခဲ့ရပေမယ့် တခြား မေဂျာထက်တော့ အရောက်အပေါက် ပိုများခဲ့တဲ့ ကျောင်းတော်ကြီးကို အလွမ်းတွေ ပိုမိတယ်ဗျာ။
သတိရတယ်... သတိရတယ်... ။
စကားမစပ် Tag ထားတယ်ဗျို့။
Post a Comment