Saturday 22 August 2009

သိကောင်းပါငဲ့

ကုသိုလ်ကံဈေးကျလို့၊‎
မှေးရသည့်ခေတ်ဝယ်၊‎
အဝေးကချစ်ရွယ်သည်၊‎
ပစ်ပယ်တယ်ထင်နှင့်၊‎
ဘုရားဟော သဘောမှန်သည်၊‎
လောကဓံကင်းခွင့်မသင့်။‎

ပုထုဇန်လိုဟာ၊‎
ဘယ်ဆိုရာမတင့်၊‎
ရွယ်ခိုကာ ဉာဏ်ချင့်လို့၊‎
ကံမြင့်မှကြီးမယ်၊‎
အသက်နှယ် မက်တွယ်ချင့်သော်လဲ၊‎
ပျက်ပြယ်လင့် ဘုန်းမို့ခွာတယ်။‎

စက်လယ်မြင့် မျိုးအမှန်ရယ်၊‎
ထမ်းပိုးဆယ်ပြန် စံပြလို့၊‎
အနန္တ စေတနာ၊‎
ဘုန်းမောင့်မေတ္တာ၊‎
မလွဲဘု စွဲမှတ်ပါကွယ်၊‎
ကဲခတ်ကာ သိကောင်းငဲ့လေး။ ။‎

(ဦးပုည)
တေးထပ်

ကုသိုလ်ကံဖွဲ့

စလေဦးပုညရဲ့ တေးထပ်ဖြစ်ပါတယ်။

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...
ဟယ်ရီ

No comments: