Wednesday 26 August 2009

ပစ္စုပ္ပန်မှာ …‎

အကြွေးရှိပြေးမှာ ... ပြေးမိပြေးရာ ဆိုတဲ့ ဘလော့ဂ်ပိုင်ရှင် မဒေဝါလီ အဲလေ ‎‎မမေ (မမေဓာဝီ) - တွေးမိတွေးရာ .. ရေးမိရေးရာဘလော့ဂ် ပိုင်ရှင်ကြီး)Tag လို့ ‎ရေးပါတယ်။
‎***‎
... ပစ္စုပ္ပန်မှာ ...
‎***‎
တွေးနေမိတာက
ခရမ်းပြာ ...

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
လူမိုက်

ကျန်းမာရေး
‎(၁) မျက်စိတွေ ဝေနေပါတယ် (ရုံးမှာရော၊ အိမ်မှာပါ ကွန်ပျူတာ ရှေ့ထိုင်လွန်းလို့)‎
‎(၂) ချောင်းဆိုးပါတယ် (ဆေးလိပ်သောက်လွန်းလို့)‎
‎(၃) လေချဉ်တွေ တက်တက်နေပါတယ် (နေညိုတော့ လေပြိုတာပေါ့)‎
အဲဒါကလွဲရင် ကျန်တာတွေတော့ မသိပါဘူး။

ဖတ်ဖြစ်တဲ့ စာအုပ်တွေက ...
‎(၁) တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ရေစကြိုဆရာတော် ဘဒ္ဒ န္တ ဝါယာမိန္ဒာဘိဝိသ ရေးတဲ့ ‎ဗုဒ္ဓမြတ်စွာ၏ နည်းသမုဒ္ဒရာ (ပဋ္ဌာန်းဒေသနာတော်ကြီးကို ကျနော့်လို လူပြိန်းနားလည်အောင် ရှင်းထားတဲ့ ‎စာအုပ်ပါ၊ ဒါတောင် သိပ်နားမလည်ချင်ဘူး၊ ကိုယ်ကကို ဒုံးဝေးတာ ...)‎
‎(၂) ဗိုလ်တာရာ (ရဲဘော်သုံးကျိပ်) ရဲ့ ကတိသစ္စာ
‎(၃) ဆရာတော် သျှင်ဥက္ကဋ္ဌရဲ့ လူသေလူဖြစ်
‎(၄) လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိ စ္ဆယ
‎(အရက်သမား လူမိုက်က ဖတ်လိုက်ရင် ဘုရားတရား ဘာသာရေးစာအုပ်တွေချည်းပဲလို့များ နှာခေါင်းရှုံ့ကြမလား ‎မသိ ...)‎

ရောက်ဖြစ်နေတာက
Shopping Center တွေ (အဲဒီကလွဲရင် ဒီတိုင်းပြည်မှာက တခြားဘယ်နေရာမှလည်း သွားစရာမရှိဘူး ... ‎စိတ်ပျက်စရာကြီး)‎

ရေးဖြစ်နေတာက
မြန်မာကဗျာဆိုတာ ဂျို (ချို)နဲ့လား (၁၆) - တေးထပ် အကြောင်းပါ။ မကြာခင် တင်ပါ့မယ်။ ဒီတခါတော့ တကယ် ‎ပြောတာပါ။ အဟုတ် ... ‎

နားထောင်ဖြစ်နေတာက
CNN နဲ့ BBC World က သတင်းတွေ

ရွတ်နေမိတဲ့ ကဗျာက
ကာလနှယ်ဆိုးပါဘိ၊
သူခိုးက လူလူ ...‎
တောလေ့ပေါက်နန်းမူတယ်၊
အိမ်သူကို ဧည့်စောင်း၊
သူကောင်းကို အပြစ်တင်၊
တောင်ယာရှင် မျောက်လိုက်လို့မောင်း ... ‎

ဖြစ်ချင်နေတာက
အောက်လမ်းဆရာကြီး (သို့မဟုတ်) စုန်းထီး

သနားနေမိတာက
ကိုယ့်ကိုယ်ကို

လွမ်းနေမိတာက
ခရမ်းပြာ ... ‎

မေ့လျော့ပစ်နေမိတာက
အတိတ်တံတား

ခါးသက်နေမိတာက
မေတ္တာ

တမ်းတနေမိတာက
အမေ့အိမ်

ကြိတ်ပြီးချီးကျူးနေမိတာက
Francisco Tarrega နဲ့ Andre Segovia

ကြိတ်ပြီးအထင်သေးနေမိတာက
ဟိုလူတွေဗျာ ... ‎

ဆန္ဒမရှိတဲ့နေရာ
အလုပ်

ဆန္ဒရှိနေတဲ့ကိစ္စ
တငုံ၊ တမော့၊ တကြိုက်၊ တခွက်၊ တဖလား၊ တပုလင်း

မုန်းတီးနေမိတာက
အစွဲအလမ်းကြီးလွန်းတဲ့ စိတ် နဲ့ အားမနာလျှာမကျိုး တဲ့တိုးပြောတတ်တဲ့ အကျင့်

ချစ်နေတာက
ဂီတ နဲ့ ကဗျာ

စိတ်ပျက်နေမိတာက
ကိုယ့်ကိုယ်ကို

စွဲလမ်းနေမိတာက
Manchester United FC

လိုအပ်နေတာက
အားလုံး

တောင်းနေမိတဲ့ဆု
ဤနိုင်ငံတွင် ဗုဒ္ဓသာသနာတော်ကြီး အမြန်ထွန်းကားပါစေ ... ‎

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
လူယုတ်မာများ ထိုက်တန်သော အပြစ်ဒဏ် မနှေးအမြန် ခံကြရပါစေသား ... ‎

ဝန်ခံချင်တာက
ကျနော် မကောင်းဘူး

‎***‎
ကဲ ... အကြွေးတော့ ဆပ်ပြီးပါပြီ။ ‎
ထုံးစံအတိုင်း မိတ်ဆွေကြီးများအား အကြွေးဆက်တောင်းပါမယ်။

‎(၁) ကိုဟန် (ကိုဟန်သစ်ငြိမ်)
‎(၂) ‎ဒေါ်ယု (မယုဝရီ)
‎(၃) ‎ဟမ်းဟမ်းလေး

ကိုဟန့်ကို လက်စားပြန်ချေလိုက်ပါပြီ ...‎
ကိုဧရာ နဲ့ မသီတာကို အကြွေးတောင်းဖို့ သွားချောင်းပါသေးတယ်။ ဒါပေမဲ့ သူတို့က ဒါကို ရေးပြီးသားဖြစ်နေလို့ ‎လက်ချည်းဗလာနဲ့ ပြန်ခဲ့ရပါတယ် ... မကျေနပ်သေးပါ ... ထပ်ချောင်းပါဦးမည် ... သတိထားနေကြပါကုန်။
Tag ထားခြင်းခံရသူများကတော့ အဆင်ပြေပြေ မပြေပြေ ... ရေးပေးကြပါလို့။

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...‎
ဟယ်ရီ

5 comments:

မေဓာဝီ said...

အကွေးဆပ်လို့ ၀မ်းသာမယ်ကြံကာရှိသေး စဖတ်တာနဲ့ လူကိုနာမည်ဖျက်ထားတာနဲ့တိုးတယ်။

ဖတ်ကြည့်ဦးမယ်။

တွေးမိနေတာက ... မရမ်းပြား ...။ (စားချင်လိုက်တာ)
လွမ်းနေတာလဲ မရမ်းပြား .. တဲ့။ သြော် ဒီလူကြီး မရမ်းပြား အတော်ကြိုက်တာကိုး။
ဘုရားစာတွေ ကျမ်းကြီးကျမ်းငယ် အသွယ်သွယ်ဖတ်နေလို့ သာဓုခေါ်မလို့ဟာကို ...
ကိုယ့်ကိုယ်ကို ... လူမိုက် .. ဆိုတော့ (ရှောင်မှ၊ အသေ၀နာစ ဗာလာနံ ဆိုလို့ပါ)
ဝန်ခံချင်တာလဲ ကျနော်မကောင်းဘူးတဲ့ ... ။ (ကြောက်ပီ)
ဖြစ်ချင်တာက ... စုန်းထီး။
အင်း ... စုန်းထီးဖြစ်ချင်ရင် လွယ်လွယ်လေး။ နာမည်နောက်မှာ "ပေါတာ" ထည့်လိုက်။ ဟယ်ရီပေါတာ ဖြစ်ရော။ တံမြက်စည်းကြီး ခွစီး ပြီးတော့ တ၀ှီးဝှီးပျံပေါ့။ မိုက်တော့မိုက်သား။

အစအဆုံးဖတ်အပြီးမှာ ...
မရမ်းပြားလေးမြုံ့၊ ဘီယာကလေးစုပ်ရင်း မျက်မှန်ဝိုင်းလေးတပ်ပြီး တံမြက်စည်းပျံကြီးနဲ့ တလွှားလွှားဖြစ်နေတဲ့ ဦးဟယ်ရီပေါတာပုံကို မြင်ယောင်မိနေပါတော့တယ်။

အကြွေးဆပ်တာ နောက်ကျပေမဲ့ ဘာပဲဖြစ်ဖြစ် ရေးပေးတာ ကျေးဇူးတင်ပါ၏။ (ခပ်ဝေးဝေးက လှမ်းအော်ပြောလိုက်သည်)

Sonata Cantata said...

ခရမ်းပြာ ကဗျာ စာစဉ်များ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာတော့မည် မျှော်)))
(ကြော်ငြာပေးတာပါ)

စာစဉ်တွေကို အပီအပြင်
မလေ့လာရသေးသော်ငြား
ပရင့်လေးထုတ်ကာ
အိပ်ယာဘေး ထားအိပ်ရုံမျှဖြင့်
သားချော့တေးများ
ကပ်ဖျက်ရက်ဖျက် ကဗျာများ
...
အမှန်အကန်ပင်
ထွက်ပေါ်လာရပေသတည်း။
(ဤကား တက်စတီမိုးနီးယီလ်)

Harry said...

မဒေ အဲ.. မမေ --- ချိတ်ချိုးရဝူးလေ ... စတဲ့ဟာကို

ကိုဧရာ-မသီတာ - ထောက်ခံစာနှင့်တကွ ကြော်ငြာပေးလို့ ကျေးဇူးပါ။ ကျနော်တောင် ဒီလောက်စွမ်းမှန်း မသိဘူး

Dr. Yi Yi Win said...

ဦးဟယ်ရီရေ..အကြွေးထပ်မှတ်ထားလိုက်ဦးဗျို့ ။ အတိုးများများပေးမှာပါဂျာ :p

Dr. Yi Yi Win said...

အိမ်ရှင်ဘယ်ပျောက်နေပါလိမ့်။