Tuesday 1 December 2009

အလွမ်းပျော်

အလွမ်းနှင့်မျှော်၊ ပန်းပွင့်ပေါ်မှာ၊
လွင့်ရော်ဝေ့ဝဲ၊ ပျော်မွေ့ဆဲပေါ့၊
တွေ့မြဲတွေ့နေ၊ အိပ်မက်တွေတိုင်း၊
ဝေမှိုင်းညို့စွေ၊ လှိုင်းတို့ခြေရာ၊
ဖွေရှာမိမော၊ ရီဝေမျောရင်း၊
သောကဝတ်ရည်၊ ဖြစ်တည်သောက်သုံး၊
နောက်ဆုံးတော့လေ၊ ဖြေမပြေသမျှ၊
နေနေကျပြီ၊ နွေညတမ်းခြင်း၊
ပန်းတခင်းမှာ၊
လွမ်းရင်းလွမ်းကာ ပျော်တော့မည်။


ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

5 comments:

အိ said...

အားလားလား လွမ်းနေတာနော် အဟင့် =D

Dr. Yi Yi Win said...

အလွမ်းတွေနှင့်ပျော်
အပျော်တွေနှင့်လွမ်း...ကောင်းပါလေ့ရှင်။

Harry said...

အိမက ဘာလို့ လွမ်းနေရတာလဲ .. လွမ်းစရာမရှိ ရှာကြံလွမ်းနေတယ်

ဒေါ်ယုရေ ... ဒီလိုပဲ လွမ်းရင်းပျော်ရတာပေါ့ဗျာ ...

Anonymous said...

ကဗျာလေးကောင်းလိုက်တာ..ဘယ်လိုကောင်းလိုကောင်းမှန်း
မသိအောင်ကိုကောင်းတယ်။

Harry said...

ဘယ်လိုကောင်းမှန်းမသိအောင်ဆိုတော့ ဘယ်လိုမှ မကောင်းဘူး ထင်တယ် :D
ကျေးဇူးပါ ကောင်းစံရေ