ခရမ်းပြာဝိုင် (၁၀)
ဝေဖူးပေမဲ့၊
မေ မခူးတဲ့ အိပ်မက်တွေ။
ပျိုးမိသမျှ အလွမ်းပါ၊
ခရမ်းပြာရေ။
ဝိုင်တပွင့်ရဲ့ဝတ်ဆံတွေ၊
မပန်လေခဲ့ပေမင့်။
လွမ်းတိုင်းကွယ် ...
ပန်းရိုင်းနွယ် အခက်များက
လက်ဖျားမှာပွင့်။ ။
ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ
4 comments:
မိုက်တယ်ကိုဟယ်ရီ တိုတိုလေးနဲ့ထိ တယ်။
ဝေဖူးပေမဲ့၊မေ မခူးတဲကအိပ်မက်တွေ ဆိုတာအရမ်းကြိုက်တယ်။
အရမ်းသဘောကျတယ်... ဒီကဗျာလေး...
ကျေးဇူး အိမ နဲ့ စုချစ်
"ပန်းအိပ်မက်"
မချူရက်ပါခဲ့၊
သူမက်တဲ့ အိပ်မက်တွေ။
အလွမ်းတွေ ပျိုးကာဆင့်
ကျွမ်းရင့်ပူဝေ။
ပန်ခက်တဲ့ ၀တ်မှုန်ရွှေ
မေမဆွတ်ပေမင့်။
ပန်းနံ့သာ …
လွမ်းကဗျာ အိပ်မက်ဆန်းက
ညဥ့်ချမ်းမှာပွင့်။
***
ဦးဟယ်ရီကဗျာကို အတုခိုးပြီး ရေးလိုက်ပါသည်။
ကဗျာကို ဖျက်သလို ဖြစ်သွားရင် ခွင့်လွှတ်နော်။ :)
Post a Comment