Tuesday, 11 May 2010

မှော်နွယ်ညများ

မြင်လွှာရုံအောက်၊ ‎
ကိုယ်ယောင်ဖျောက်ခဲ့သူရေ၊
ပင်လယ်ဖြူရဲ့ လေပြည်၊
ကဝေလက်သည်းနဲ့၊
အသည်းတံခါးကို လှစ်၊
မာယာလှိုင်းငွေ့ရစ်ခြုံသိုင်း၊
ချစ်သူရဲ့ သမိုင်းက၊
အရိုင်းတစ္ဆေတကောင် ...‎

ဧဒင်ရေ ...‎
မှော်နွယ်တွေရစ်ဝိုင်းလို့၊
သစ်လှိုင်းယောင်အောက်က
တယောက်သူရင်ကို ‎
ပင်သစ်ညိုပွင့်ချပ်သုဉ်းတဲ့အထိ
ဖုံးကာထားလေရော့သလား ...‎

လရိပ်ယှက်မိုး၊
ကြယ်စင်ရေ ညှိုးမသွားပါနဲ့၊
မိုးဖျားအောက်က တယောက်သူ၊
နောက်လူဟာ ရှေ့အရောက်၊
နေ့ညတွေပျောက်ဆုံးလျက်၊
တာထွက်စောတဲ့ ပင်လယ်ပြင်မှာ၊
ပန်းဝင်မဦးခဲ့တဲ့ ရွက်လှေတစင်းရဲ့
လေလွင့်အလင်းနှစ်များသမိုင်း
ရာဇဝင်တွေ အပြိုင်းပြိုင်းကျ၊
ခိုင်းနှိုင်းလည်း မပြချင်တော့ပါဘူး .... ။‎

လျော့လုလု နေခြည်အောက်မှာ ...‎
ပျောက်ဆုံးခဲ့ရတဲ့ ဆည်းဆာအိပ်မက်ကို
တသက်လုံး ရေးဆွဲ ...‎
လက်တွေ သုဉ်းလို့
ပျက်ကြွေပြုန်းတဲ့အထိပေါ့
သြော် ... မမုန်းမှန်းတော့ သိခဲ့ပါတယ် ...
မမုန်းမှန်းတော့ သိခဲ့ပါတယ်လေ ...‎


ကျနော် အခုတလော အလုပ်အရမ်းများနေတာနဲ့ ပို့စ်အသစ်မတင်ဖြစ်တာ အတော်ကြာသွားပါတယ် ... ရေးလက်စ တပိုင်းတစနဲ့ ကဗျာတွေလည်း ရှိနေပါတယ် ... အသစ်မတင်ဖြစ်တဲ့အချိန်အတွင်းမှာကို သံယောဇဉ်နဲ့ မပျက်မကွက် အမြဲလာပြီး ဖတ်ရှုခံစားအားပေးကြတဲ့ ညီအကို မောင်နှမများ ကို ကျေးဇူးအထူးပါခင်ဗျာ ...

ဟယ်ရီ

5 comments:

johnmoeeain said...

ဟားးးးးးးးး
မင်္ဂလာ နံနက်ခင်းလေးမှာ လာဖတ်ရတဲ့ကဗျာ...။

ညတွေမှာ မှော်နွယ်တွေ ရစ်သိုင်းနေပေမယ့်
ဧဒင်ဟာ အံ့မခန်း ဆွဲဆောင်နိုင်စွမ်းရှိလေတော့
နေ့ ည မကွဲပြားဘဲ တိုးဝင်သူတွေ များများလာခဲ့။
မမုန်းမှန်းသိပေမယ့်
ဝေးရာကိုပဲ ထွက်ထွက်ပြေးနေမိခဲ့။

pargyi said...

my bro!..I like very much this poem!;) ..Cheer!

သွယ်လင်းဆက် said...

ကောင်းလိုက်တာ အကိုဟယ်ရီရေ။ ဘယ်လိုကဗျာပဲ ဖြစ်ဖြစ် ကောင်းနေတာပဲ။

အိ said...

ကောင်းဘူးဗျာ (ဟီး ကောင်းတယ်လို့ပြောရတာရိုးလာလို့)

ပျောက်ဆုံးခဲ့ရတဲ့ ဆည်းဆာအိပ်မက်ကို
တသက်လုံး ရေးဆွဲ ...‎
လက်တွေ သုဉ်းလို့
ပျက်ကြွေပြုန်းတဲ့အထိပေါ့
သြော် ... မမုန်းမှန်းတော့ သိခဲ့ပါတယ် ...
မမုန်းမှန်းတော့ သိခဲ့ပါတယ်လေ ...‎

ဟင့် ကောင်းချက်...
(ခရမ်းပြာ ကဗျာရေးဦးနော် ကိုဟယ်ရီ။
ရေးလက်စ တပိုင်းတစတွေလဲအမြန်ရေးပြီးအမြန်တင်ပါ)

Harry said...

မိုးအိမ် .. ကိုပါ ... ညီလေး လင်းဆက် ... အိမ
အမြဲတမ်း အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ ..

ရေးလက်စတွေတော့ လက်စမသတ်နိုင်သေးဘူး အိမရေ ..