Sunday 20 June 2010

ခရမ်းပြာဝိုင် (၁၂)

အလင်းတစ၊ ပျို့အက်ကျစဉ်၊
ညအသင်္ချေ၊ သခင်နေရက်၊
အိပ်မက်တံလျှပ်၊ ဖြတ်ဖြတ်လွန့်လူး၊
မူးယစ်သီဝေ့၊ နဂါးငွေ့တို့၊
လွေ့လွေ့စင်စင်၊ သခင်မြင်ပါ ...

မျက်ရည်လိမ်းကြူ၊ အဆိပ်မြူနှင့်၊
ကြယ်ဖြူခိုးမျှင်၊ ခြုံလွှာဆင်သ၊
သခင်မထံ၊ ပန်းကာရန်ဆက်၊
မျက်ရည်ဝိုင်ချို၊ ပြိုလေသည့်မိုး၊
တိတ်တခိုးရှိုက်၊ လောင်မြိုက်ရင်းပင်၊
ခရီးနှင်ခဲ့၊ ကြယ်ဝေလဲ့ဖြာ၊
ခရမ်းပြာရဲ့၊ လွမ်းဇာချဲ့တိမ်၊
နှင်းမိုးအိမ်မှ၊ ကျိန်စာအစ၊
ကြယ်ကြွေညတွေ ...

လရောင်မြင်မှား၊ တိမ်ဖျား၌ခို၊
အတ္တချိုတို့၊ ဝေ့စိုဝင်းစက်၊
ပြာလင်းလက်ရီ၊ မျက်ရည်ဝိုးဝါး၊
ပန်းစကား၏၊ လွမ်းဖျားမြစ်ရင်း၊
ချစ်ခြင်းဋီကာ၊ ကမ္ဘာတည်သရွေ့ ...

ရင်နှင့်အမျှ၊ ချစ်ရပါသူ၊
လွမ်းရိပ်မြူသွဲ့၊ လင်းပြာလဲ့မူး၊
ပွင့်ဦးစံပယ်၊ ရနံ့တွယ်ငင်၊
ကြယ်စင်ပန်သ၊ လွလွဖြူဖွေး၊
ညီမလေးရေ ....

သြော် ... ဒီလိုနှင့်၊
ရင်နင့်သည်းထန်၊ လျှပ်စီးမာန်တင်း၊
မိုးယံဝင်းဝိုး၊ လျှပ်လက်ပျိုးချိန်၊
တိမ်ကြိုးပန်းခက်၊ အလွမ်းစက်တို့၊
နွမ်းပျက်တေးကို၊ စောင်းအိုကြိုးထက်၊
အက်ကွဲနင့်ဆို၊ ငိုခဲ့ကြသည်၊
ဝေးခဲ့ပြီလေ ...

ခရမ်းပြာဝိုင်၊ လွမ်းဗျာဆိုင်ဝဲ၊
ကြေကွဲဆို့နင့်၊ ဆိုင်းညို့ရင့်သီ၊
ရင်နှင့်ဆွဲသည့် လွမ်းပန်းချီ။ ။

ဖတ်ရှုခံစား အားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

7 comments:

သွယ်လင်းဆက် said...

အကိုဟယ်ရီရေ ဖတ်လိုက်တာနဲ့ ရင်ထဲကို အီစိမ့်သွားအောင် စိမ့်ဝင်သွားတယ်။

Harry said...

ဝိုင် ဆိုတော့လည်း ဒီလိုပဲပေါ့ ညီရယ် ... :D

အိ said...

ခရမ်းပြာဝိုင်၊ လွမ်းဗျာဆိုင်ဝဲ၊
ကြေကွဲဆို့နင့်၊ ဆိုင်းညို့ရင့်သီ၊
ရင်နှင့်ဆွဲသည့် လွမ်းပန်းချီ။ ။

ငိုချင်တယ် ငိုချင်တယယယယယယ် အဟင့် :D

Harry said...

ငိုနဲ့ ငိုနဲ့ ... လိမ္မာတယ် ... မုန့်မုန့်စား ..

Yin Myo Kaung said...

Hello Ko Harry,
I usually am a silent reader who loves to read only. I barely leave a comment after reading blog posts online but would like to leave a comment this time.
After reading all Khayan Pyar Wine poems, I left breathless.
Have you ever told her that you love her? If you haven't, I don't think it's fair for her to let you know how she feels about you.
Girls in our culture are taught to not let their pride slip away.
So please talk to her how much you love and care about her and then see from there.
I am wondering why you do not have a beautiful Myanmar name. I am just curious. The way you create your poetry and your name are really opposite. I hardly see someone like you who can write beautiful poetry with disciplines of Myanmar grammar and rhythm.
I will be a regular visitor to your blog. Thanks for sharing your artistic writing with readers.

Harry said...

မျှဝေစာနာပြီး ခံစားပေးတဲ့အတွက်ရော၊ ကျနော့် ကဗျာလေးတွေ အသေအချာ ဂရုတစိုက်ဖတ်ပေးတဲ့အတွက်ရော ... စေတနာစကားတွေ အတွက်ရော ... ကျေးဇူးအထူးပါ (မ)Yin
အခြေအနေ နဲ့ စည်း ဆိုတာက စကားပြောနေသ၍တော့ ...

Yin Myo Kaung said...

You are very welcome!