Saturday 18 September 2010

ဖြေရာမဲ့

သမုဒယဝေဒနာ၊
အခုမှလေ အသေအချာသိ။ ။

မဖြေသာ စိတ်အတွေးမှာတော့၊
နွေအခါ အရိပ်ဝေးသလိုပဲ၊
တမှိတ်လေးတောင် မှေးပျော်ခက်ပါရဲ့၊
ဆွေးမျှော်ဆက် ရတက်ဝေဖြာရင်း၊
ရက်ရှည်လာ အနေဝေးသူအဖို့၊
ဖြေဆေးရယ်မရှိ။ ။

------------------------------

ကျနော် အလုပ်နည်းနည်းရှုပ်နေတာရယ်၊ ခရီးထွက်နေတာရယ်ကြောင့် ဘာမှ မရေးဖြစ်ဘဲ ပစ်ထားရတာ ကြာပါပြီ။ သံယောဇဉ်နဲ့ လာရောက် ဖတ်ရှုအားပေးကြတဲ့ ညီအကိုမောင်နှမများအားလုံးကို ကျေးဇူးတင်စွာ ... ထိုမျှသာမက အထူးမျက်နှာပူ၊ အားနာစွာ တောင်းပန်ရင်း ဒီကဗျာလေး တင်လိုက်ပါတယ် ... ဆက်လက်အားပေးကြပါဦး ခင်ဗျာ ...
ကျေးဇူးတင်၊ အားနာလှစွာဖြင့်

ဟယ်ရီ

8 comments:

အိ said...

ဒီမှာလဲလာအားပေးပါတယ် ဂျ ခုမှပဲကဗျာဖတ်ရတော့တယ်။

Harry said...

ဟဲ .... ကျေးဇူး ညီမလေး ...
ခုမှ ကဗျာဖတ်ရတာကိုတော့ တောင်းပန်ပါတယ်

သွယ်လင်းဆက် said...

စောင့်နေတာကြာပြီ။ ပျောက်နိုင်လွန်းအားကြီးတယ်။ ကျွန်တော့်လိုပဲ။ :) ကဗျာလေးကတိုတိုလေးနဲ့ လွမ်းအားပြင်းတယ်ဗျနော် အကိုဟယ်ရီ...

Harry said...

ကျေးဇူးပဲ ညီ ... စောင့်နေရတာ ကြာလို့ တောင်းပန်ပါတယ် ..
အမြဲတမ်း လာအားပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်

Dr. Yi Yi Win said...

ပေါ်ဖြင့်မလာသေး ဘူး “ဆက်လက်အားပေးကြပါဦး ခင်ဗျာ ...” တဲ့။ ဟွန်း..တော်တော်အပြောကောင်းတဲ့ ဦးဟယ်ရီပဲ။ စကောရောင်း ပါလား :p

မင်းဒင် said...

ရောက်ရှိသည်။ ဖတ်ရှုသည်။ အလွန်နှစ်ခြိုက် ပါသည်။
ခင်မင်လျက်
မင်းဒင်

warsomoe said...

လာရောက်ဖတ်ရှု့ခံစားသွားပါသည်။ကျနော့်အတွက်တော့ ကဗျာကျောင်းကြီးပေါ့ဗျာ။ကျေးဇူး တင်ပါသည်။

Harry said...

လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကိုဝါဆိုမိုး ခင်ဗျား ...