Sunday, 26 September 2010

ပန်း၏ရုပ်ကြွင်း

အလွမ်းနေရင့်၊
ပန်းကြွေလွင့်လည်း၊
လေနှင့်စေကာ၊
ဝေဖြာပျံ့ညင်း၊
ရနံ့သင်းကို၊
ဖြန့်ခင်းနေမည် သခင့်ဆီ။ ။


ဒီတခါတော့ အတိုလေးပဲ ရေးလိုက်မိပါတယ်။
ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...

ဟယ်ရီ

8 comments:

မေဓာဝီ said...

တိုပေမဲ့ ကောင်းပါ၏။
ပန်းရုပ်ကြွင်း အလွမ်းရုပ်ကြွင်းတွေ ကဗျာထဲမှာ မြင်နေရတယ်။

Sonata Cantata said...

တို့များက အနံ့ sensitive ဖြစ်တယ်

Anonymous said...

သိပ်လှတဲ့ကဗျာလေးးD

Harry said...

ကျေးဇူး မမေ ...
ကိုဧရာလား မသီတာလား ... မသိဘူး ... အနံ့ sensitive ဖြစ်တာ ...
ကောင်းစံလည်း ကျေးဇူး

သွယ်လင်းဆက် said...

ဒီလို ကဗျာကောင်းကောင်းလေးတွေ ဖတ်ရလေ ကိုယ်တိုင် ကဗျာဥာဏ်ခေါင်းပါးမှုကို ယူကြုံးမရဖြစ်လေပဲ။

မေဓာဝီ said...

"အလွမ်းရုပ်ကြွင်း"

ပန်းခြောက်ကြွေနွမ်း
မျက်ရည်စမ်းနှင့်
အလွမ်းရင့်ကာ
ဝေဒနာတေး
စာစီရေးသည်
လွမ်းဆွေး ကြွင်းကျန်ရစ်ပြီကို။
***
စိတ်ကူးပေါက်လို့ ရေးမိလိုက်တယ် ဦးဟယ်ရီရေ ... ။

Harry said...

@သွယ်လင်းဆက် - ညီလေးရေးထားတာလေးတွေ ကောင်းပါတယ် ညီရဲ့ .. ဘယ်မှာ ကဗျာဉာဏ် ခေါင်းပါးရမှာလဲ ..
@မေဓာဝီ - ကဗျာဝင်ရေးသွားတာ အမိုက်စားပါလား မမေ
သိမ်းထားလိုက်ပြီ ....

Anonymous said...

အလွမ်းနေရင့်၊
ပန်းကြွေလွင့်လည်း၊
......
အော် ကြွေလွင့်တာက နေရင့်လို့လားဗျာ။

ခင်လျက်

မင်းဒင်