ခရမ်းပြာဝိုင် (၁၃)
ခရမ်းပြာဝိုင် (၁၃)
မမြင်တာ နေ့ရှည်လျားပြီမို့၊
မေ့ပြီလားလို့မေးချင်တယ်။
မခေါ်သင့်လေတော့၊
ရော်ရင့်နွေ ရွက်ကြွေလမ်းမှာ၊
မျှော်လင့်မနေ ဆက်ခြေလှမ်းပေမဲ့၊
နွမ်းယဲ့ကြာနှယ်။
တကယ်ခက်ပါရဲ့၊
တွယ်ယှက်လာတဲ့ သမုဒယနွယ်ကို၊
အခုမှကွယ် ဘယ်လိုဖြတ်နိုင်မလဲ။
အရိပ်မိုးဖြာ၊
တိတ်တခိုးသာ မျက်ရည်ဝဲရုံလား၊
သက်သေလည်း မပီပြင်၊
ရက်တွေလည်း အလီလီနှင်ရင်း၊
သီသီမြင် သည်နှုတ်ခမ်းမှာ၊
အလွမ်းဖြာ အချစ်ကြွင်းတွေနဲ့၊
ခရမ်းပြာမြစ်တစင်းဟာ၊
စီးဆင်းနေဆဲ။ ။
အလုပ်များနေလို့ ကဗျာလည်း မရေးဖြစ်၊ ပို့စ်အသစ်လည်း မတင်နိုင် ဖြစ်နေပါတယ်။ အလာရောက်ဖတ်ရှုအားပေးကြသူတွေလည်း အသစ်မဖတ်ရဘဲ ပြန်သွားကြရတဲ့အတွက် အလွန်တရာအားနာစွာနဲ့ပဲ ကျနော်တောင်းပန်ပါရစေ ...
နောက်ကို ကျနော်အသစ်မရေးနိုင်ရင်တောင် စာဆိုတွေရဲ့ ကဗျာကောင်းလေးတွေ မကြာမကြာ ဝေမျှ ပေးပါမယ်။ ကျေနပ်နိုင်ကြမယ်လို့လည်း မျှော်လင့်မိပါတယ်။
ကျနော့်ရဲ့ ခရမ်းပြာ ကို စောင့်မျှော်ဖတ်ရှုအားပေးကြသူများကိုလည်း ရင်ထဲက ဖော်မပြတတ်အောင် ကျေးဇူးတင်ပါတယ် ခင်ဗျား ...
မေတ္တာဖြင့်
ဟယ်ရီ
3 comments:
ကဗျာ လေးခံစားရင်း အားပေးသွားတယ် နော်..
ရေးပါလို့ပြောနေတာဖြင့်ကြာလှပြီ ကိုဟယ်ရီကြီး..ခုမှရေးပြီးတော့...ပြောစရာလိုသေးလား..ကိုဟယ်ရီ့ခရမ်းပြာကဗျာတွေကအမြဲကောင်းအမြဲကြိုက်
ကျေးဇူး အိန်ဂျယ်နဲ့အိရေ
Post a Comment