Wednesday 29 April 2009

ပန်းရိုင်းများ၏ရာဇဝင်

လွမ်းတိုင်းသာ၊‎
ပန်းရိုင်းတရာ ပွင့်မယ်ဆိုပါစို့။‎

သခင်ရေ၊‎
မြင်စေမယ် မြေကမ္ဘာတဝှမ်းမှာ၊‎
အသင်္ချေကွယ် ကုဋေကဋာလွှမ်းလို့၊‎
ဝေဒနာအလွမ်းသမိုင်းမှာ၊‎
ပန်းရိုင်းတွေညို့။‎

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...
ဟယ်ရီ

5 comments:

အိ said...

လှတယ်ဗျိုး..

ဟန said...

ပန်းခင်းကြီး ဖြစ်နေတော့မှာပဲ

Harry said...

အိမရော ဟနရော ကျေးဇူးပါ ခင်ဗျ ...

Dr. Yi Yi Win said...

ပန်းခင်းကြီးက သိပ်လှမှာပဲနော်။

Harry said...

အယ် ... လုပ်ပြီ ဒေါ်ယုကတော့ ...
သူများတကာ လွမ်းပါတယ်ဆိုမှ ကိုယ်ချင်းမစာမနာ သိပ်လှမှာပဲ တဲ့ .... ဝမ်းသာကြည်နူးနေတဲ့လေသံကြီးနဲ့