Tuesday 21 September 2010

အရိပ်လွမ်း

အရိပ်လွမ်းနဲ့၊ စိတ်နွမ်းခဲ့သော၊
ကမ်းမဲ့အချစ်၊ လွမ်းခဲ့ ဖြစ်စဉ်၊
မြစ်ပြင်တလျှောက်၊ နစ်ဝင်ပျောက်ကာ၊
ရင်အောက်မှာကွယ့် အတိတ်နွမ်း။

အတိတ်နွမ်းနဲ့၊ ကြိတ်လွမ်းခဲ့သော၊
လမ်းရဲ့အဖြစ်၊ နွမ်းယဲ့နစ်ဝင်၊
ဖြစ်အင်တခေါက်၊ သစ်ပင်ခြောက်သာ၊
ပင်အောက်မှာကွယ့် အဆိပ်ပန်း။

အဆိပ်ပန်းရဲ့၊ ရိပ်လွှမ်းခဲ့သော၊
လွမ်းဖွယ့်သနစ်၊ ကျွမ်းခဲ့ရစ်စဉ်၊
ချစ်လျှင်တယောက်၊ ဖြစ်စဉ်နောက်မှာ၊
ဝင်ရောက်လာတဲ့ အရိပ်လွမ်း။ ။

စကြာလည် ကိုယ်တွင်းပြည့် ပိုဒ်စုံရတု ရေးတဲ့ပုံစံနဲ့ ရေးထားတာပါ။ ဒါပေမဲ့ ရတုလို့တော့ မသတ်မှတ်ချင်ပါဘူး။ နဘေကိုက်အောင်ရေးထားတဲ့ လေးလုံးစပ်ကဗျာလို့ပဲ ယူဆပေးပါ။

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...

ဟယ်ရီ

5 comments:

သွယ်လင်းဆက် said...

ဖတ်ပြီးပြီ အကိုဟယ်ရီ။ မေးလ်ထဲပို့ပေးလို့ ကျေးဇူးအများကြီးတင်တယ်။ :)

ခင်မင်လေးစားလျက်
သွယ်လင်းဆက်

Harry said...

ကျေးဇူး ညီရေ ...

အိ said...

ဟင် ရေးပြန်ပြီနောက်တပုဒ် မနာလိုဘူးနော် ကိုဟယ်ရီ မနာလိုဘူး ဗြဲ... ကိုဟယ်ရီရေးတဲ့ကဗျာတွေကတော့ အမြဲကောင်း ..ငိုချင်အောင်ကောင်း

Harry said...

သြော် .. မရေးတော့လဲ မရေးလို့တဲ့ ... ရေးတော့လဲ ရေးပြန်ပြီတဲ့ ...
ဒီ ... အိမဟာလေ ...

Anonymous said...

ကိုဟယ်ရီ အသစ်တွေ ရေးတင်နေတာ ကျနော် မသိလိုက်ဘူးဗျာ။ ဖေ့စ်ဘွတ်ထဲမှာပဲ တင်နေတယ်အောက်မေ့နေတာ ။ ကျနော်ဖွင့်လိုက်တိုင်းကြယ်ကြွေဆုတောင်းချည်းပဲတွေ့နေတယ်။ refresh မလုပ်မိတာပေါ့ဗျာ။
ဆက်တိုက်ရေးနေတာ အားရတယ်ဗျာ။ ဆက်ရေးဖို့ အားပေးတိုက်တွန်းပါတယ်။

ခင်လျက်

မင်းဒင်