Friday 27 January 2012

ပန်းနုရောင်များ

ပန်းနုရောင်များ

နီမှာဖြင့်၊
ရင့်ရင့်သာနီ။

ကြည်မယ်တွေး၊
ဖွေးဖွေးသာကြည်။

နီမှာလား ကြည်မှာလား၊
ပြတ်သားဖို့လိုသည်၊
ချိုတလီ တမာပျား။

နီလိုက နေလိုနီ၊
ကြည်ဆိုမှ ရေလိုကြည်ပေါ့၊
နီမလိုကြည်သဖွယ်နဲ့၊
အီလယ်လယ်အရောင်သန်း၊
ပန်းနုရောင်များ။ ။

ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ....

ဟယ်ရီ

1 comment:

lwannaung said...

နီလိုက နေလိုနီ ၊
ကြည်ဆိုမှ ရေလိုကြည်ပေါ့
နီမလိုကြည်သဖွယ်နဲ့
အီလယ်လယ်အရောင်သန်း
ပန်းနုရောင်များ ။