Friday 23 September 2011

ဘဝဆိပ်ကမ်း

အိပ်မက်တခု၊ အရင်းပြုရင်း၊
ထုဆစ်ခဲ့ကြ၊ တို့ဘဝတွေ၊
ညရိပ်ဝေရီ၊ နွေပီပီမှ၊
ရေကြည်မိုးပြောင်း၊ နှင်းဆောင်းငွေ့လျှံ၊
အမေ့ထံပါး၊ ဝေ့ပျံသွားခဲ့၊
စကားမဲ့ဒြပ်၊ တံလျှပ်ပန်းချီ၊
ချိုရီမြမြ၊ တသသနှင့်၊
ဘဝဆိပ်ကမ်း၊ နိမိတ်လွှမ်းချိန်၊
အိပ်တန်းပြန်ဖို့ အားဖြည့်နေ။ ။

ညီမလေး ဂျွန်မိုးအိမ်အတွက် မွေးနေ့လက်ဆောင် ရေးပေးခဲ့တဲ့ ကဗျာလေး အခုမှပဲ တင်ဖြစ်ပါတော့တယ် ....

ဟယ်ရီ

2 comments:

johnmoeeain said...

ကဗျာလေးအတွက် ကျေးဇူးပါ အစ်ကို... :) unforgettable birthday present for me!

Harry said...

အခုမှ တင်ဖြစ်တယ် မိုးအိမ်ရေ ... ဆောရီး