Friday 3 June 2011

တိမ်လှိုင်းတို့၏ဝှက်ဖဲ .... (၂)

ပြီးခဲ့တဲ့ ပို့စ်မှာ တင်ခဲ့တဲ့ "တိမ်လှိုင်းတို့၏ ဝှက်ဖဲ" ဆိုတဲ့ ကဗျာလေးရဲ့ comment ထဲမှာ မခင်ခင်က ကဗျာလေးတပုဒ်နဲ့ comment ပေးသွားခဲ့ပါတယ် ...
မြန်မာကဗျာတွေမှာ ဒီလိုပဲ အပြန်အလှန် ရေးလေ့ရှိကြပါတယ် ... ကျနော်လည်း မမေဓာဝီရဲ့ ကဗျာလေးတချို့ကို အပြန်အလှန် ရေးပေးခဲ့ဖူးပါတယ် ...
အခု မခင်ခင် ပြန်ရေးပေးတဲ့ ကဗျာလေးဟာ နူးညံ့လှပတဲ့ အပြန်အလှန်ကဗျာလေးတပုဒ်မို့ အမှတ်တရလည်းဖြစ်စေဖို့ comment ထဲမှာပဲ ချန်မထားခဲ့ဘဲ လာရောက်လည်ပတ်ကြသူများလည်း ခံစားနိုင်ကြစေဖို့ ပို့စ်တခု အဖြစ် ပြန်လည် မျှဝေလိုက်ပါတယ် ... နှစ်သက်ကြမယ် လို့လည်း မျှော်လင့်မိပါတယ် ... မခင်ခင်ကိုလည်း ကျေးဇူးအထူးတင်ကြောင်းပါ ခင်ဗျာ ...

ဒီအချိန်ဆို
တိမ်ညိုညိုတွေ ပြိုနေပြီပဲလေ ... ။

အမြင့်ပျံငှက်တအုပ်
ခပ်သုတ်သုတ် အိမ်အပြန်
တိမ်ယံထက်က နေမင်း
နှုတ်ဆက်ရင်း အလင်းချွေ
တောင်စွယ်မှာ နေကွယ်လုပြီလေ ... ။

အိပ်မက်တွေကို ကျောခိုင်း
လေရိုင်းတွေကို စီးနင်း
ခရီးပြင်းကိုဆက်နှင်
ပြန်လာခဲ့ချင်လျက်
အတွေ့ခက်ခက်
နေ့ရက်တွေထဲမှာ
ခွဲခွါခြင်းတံတိုင်းတွေ ကာထား
ကမ္ဘာတွေလဲ ခြား … လို့ … ။

ဒီရေလှိုင်းအကျမှာ
အိမ်ပြန်ရလေမလား …
ဒီသောင်ယံအိုမှာ
ခိုလှုံရမှာလား …
စဉ်းစားရင်း မောလျ
သောကညရဲ့အလယ်မှာ
ကြယ်တွေကို ရေတွက်ရင်း
လမင်းအကြွေကို ကောက်
အိမ်အရောက်ပြန်ခဲ့ပါရစေ … ။

ဆုံတွေ့ကြတဲ့အခါ …
အမှားတွေထဲမှာ ပျော်မွေ့
အမှန်တွေကို မေ့ပစ်ရင်း
လွတ်လပ်ခြင်း တေးကိုသီ
ကာရန်ညီ ကဗျာတွေဖွဲ့ကြမယ်လေ … ။


ချက်ခြင်း ပြန်တင်ပေးချင်ပေမဲ့ အခုတလော အင်တာနက်က ပြတ်တောင်း ပြတ်တောင်း ဖြစ်နေလို့ အခု connection ကောင်းနေချိန်လေးမှာ ကမန်းကတန်းရေးပြီး တင်ပေးလိုက်ရခြင်းကို နားလည်ခွင့်လွှတ်ပေးကြဖို့လည်း တောင်းပန်ပါတယ် ခင်ဗျား ...

ဟယ်ရီ

3 comments:

Angelhlaing(May everybody be happy and healthy! said...

ဒီရေလှိုင်းအကျမှာ
အိမ်ပြန်ရလေမလား …
ဒီသောင်ယံအိုမှာ
ခိုလှုံရမှာလား …
စဉ်းစားရင်း မောလျ
သောကညရဲ့အလယ်မှာ
ကြယ်တွေကို ရေတွက်ရင်း
လမင်းအကြွေကို ကောက်
အိမ်အရောက်ပြန်ခဲ့ပါရစေ … ။

အိမ်ပြန်ချင်သူတစ်ယောက်မို့ ငိုတောင်ငိုချင်တယ်အကို..
ခံစားအားပေးလျှက်...

သိင်္ဂါကျော် said...

ဆုံတွေ့ကြတဲ့အခါ …
အမှားတွေထဲမှာ ပျော်မွေ့
အမှန်တွေကို မေ့ပစ်ရင်း
လွတ်လပ်ခြင်း တေးကိုသီ
ကာရန်ညီ ကဗျာတွေဖွဲ့ကြမယ်လေ ...

တကယ် ချစ်စရာကောင်းတဲ့ ကဗျာလေးပါပဲ..။

Harry said...

ကျေးဇူးပါ အိန်ဂျယ် နဲ့ သိင်္ဂါ ရေ ... ကျနော်လည်း ဒီလို ကဗျာကောင်းလေးကို မျှဝေချင်လို့ တင်လိုက်တာပါ ...