Monday 11 March 2013

ခရမ်းပြာနှင်းဆီ (သီချင်း)

ကျနော်ရေးထားတဲ့ "ခရမ်းပြာနှင်းဆီ" ကဗျာလေးကို ကျနော့်သူငယ်ချင်း ကို Nay Htun က သီချင်းလေးအဖြစ် သံစဉ်ထည့်ပြီး ကိုယ်တိုင် သီဆို တီးခတ်ဖန်တီးပေးထားပါတယ် ... rhythm သဘောအရ စကားလုံး မဆိုစလောက်လေးပဲ ပြင်ထားတာမို့ မူရင်းကဗျာရဲ့ ခံစားချက်မပျက်တဲ့အပြင် သီချင်းပုံစံနဲ့ ပြောင်းလဲခံစားရတာ တမျိုးဆန်းသစ်ပါတယ် ... ခံစားကြည့်ကြ စေလိုပါတယ် ...

http://youtu.be/I_bqot0M-NM



ရှိတဲ့ instrument လေးတွေနဲ့တင် studio မှာလည်းမဟုတ်ဘဲ in-house နဲ့ ဒီလောက် quality မျိုး ဖန်တီးပေးနိုင်တာ တော်ရုံပညာ စေတနာနဲ့ မရနိုင်တဲ့အတွက် ကိုနေထွန်းကိုလည်း အထူးကျေးဇူးတင်ပါတယ် ...

ခံစားအားပေးတဲ့သူများအားလုံးကို အထူးကျေးဇူးပါခင်ဗျာ ...

ဟယ်ရီလွင်

2 comments:

စံပယ်ချို said...

ကိုဟယ်ရီရေ
သီချင်းလေးကောင်းတယ် အဲတာလေးလာရောက်နားထောင်ခဲ့တာပါ
ကျွန်မငယ်ငယ်က သီချင်းရေးတဲ့သူဖြစ်ချင်ခဲ့တာပါ
ဒါပေမဲ့ ဖြစ်မလာခဲ့ဘူး

Harry said...

ကိုယ့်သူငယ်ချင်း ကိုနေထွန်း သီချင်းအဖြစ် ဖန်တီးပေးထားတာပါ စံပယ် ... အားမငယ်ပါနဲ့ ... ကိုယ်လည်း သီချင်း သိပ်မရေးတတ်ပါဘူး ... :D