Thursday 16 July 2009

ကဗျာပျောက်ဆုံးခြင်း

တိမ်ခိုးပမာ၊ စိတ်ခြေရာ၌၊
ကဗျာလိုက်လို့ရှာမိသည်။

ကဗျာကဗျာ၊ တစာစာနဲ့၊
ဘယ်ညာရှေ့နောက်၊ ထက်အောက်စုန်ဆန်၊
ကာရန်ပျောက်ဆုံး၊ မိုးလုံးပတ်လည်၊
နရီဘယ်မှာ၊ ရှာရင်းရှာဆဲ၊
ကဗျာငါ့ဆီပြန်လာပါ။

တိမ်ခိုးပမာ၊ စိတ်စေရာနယ်၊
ကဗျာဘယ်ဆီပျောက်သနည်း။ ။


ကဗျာရေးလို့မရလို့ ရေးလိုက်တဲ့ကဗျာလေးဖြစ်ပါတယ် ...
ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...

ဟယ်ရီ

6 comments:

sonata-cantata said...

ဘာမှကို မရေးနိုင်လို့ ဒီမှာလည်း ညစ်နေတယ် ကိုဟယ်ရီ...
တကယ်တော့ "ညစ်" ဆိုတဲ့ စာလုံးနဲ့ လည်း သိပ်တော့ မဟပ်စပ်ပြန်ဘူး...ဟုတ်ပြီ
လွင့်...
လွင့်
လွင့်... နေတယ်

Dr. Yi Yi Win said...

“ကဗျာကဗျာ၊ တစာစာနဲ့၊
ဘယ်ညာရှေ့နောက်၊ ထက်အောက်စုန်ဆန်၊
ကာရန်ပျောက်ဆုံး၊ မိုးလုံးပတ်လည်၊” ဆိုတော့ကာ ဦးဟယ်ရီတစ်ယောက် ကဗျာကို ထွန့် ထွန့် လူးလိုက်လို့ ရှာနေပုံလေးမြင်ပြီး သဘောကျမိတယ်။ ကဗျာက အမှန်တော့ ရင်ဘတ်ထဲမှာ ပုန်းနေတာတဲ့။

Harry said...

ဟုတ်တယ် မသီတာရေ .. လွင့်နေတာ လွင့်နေတာ

Harry said...

ဟုတ်ပ ဒေါ်ယုရေ .. တကယ် အဲဒီလိုပဲ ဖြစ်နေတာဗျာ ...
ဟီး

အိ said...

ကဗျာရေးမရလို့လဲပြောသေး..ပြီးတော့အဲဒီအကြောင်းကို ကဗျာရေးတယ်..:-S
ကိုဟယ်ရီတို့များ နော်

Harry said...

အဲ ... ရေးချင်တာကို ရေးလို့မရတာလေ အိမရဲ့ ...
အဲဒါနဲ့ ရေးလို့မရတဲ့အကြောင်း ရေးလိုက်တာလေ ...
မရဘူးလား ...