Sunday 19 July 2009

အာဇာနည် အလေးပြု

ဆရာကြီးမင်းသုဝဏ်ရဲ့ "အာဇာနည် အလေးပြု" ဆိုတဲ့ ကဗျာလေးနဲ့ ၆၄-နှစ်မြောက် အာဇာနည်နေ့ကို ဦးညွှတ်ဂုဏ်ပြုလိုက်ပါတယ် ...
အမျိုးသားခေါင်းဆောင်ကြီး ဖခင်ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ ကောင်းရာသုဂတိ သို့ရောက်ရှိပြီး မြင့်မြတ်ရာဘုံဘဝမှာ သာဓုခေါ်နိုင်ကြပါစေ ....


အာဇာနည် အလေးပြု

ငါတို့အတွက်၊ ကိုယ့်အသက်ကို၊
မကွက်မညှာ၊ စွန့်ကြရှာသည်၊
ဇာနည်နွယ်ဘွား၊ သူတို့အားလျှင်၊
ညွှတ်တွားသမှု၊ အလေးပြု၍၊
သာဓုနုမော်၊ ကောင်းချီးခေါ်သည်၊
ခြောက်ဖော်နတ်က ကြားစေသောဝ်။

(မင်းသုဝဏ်)
(၄၊ ၁၊ ၁၉၅၃)
(အင်းယားကန်သို့ အိုကုတို့ ကဗျာစာအုပ်၊ စာမျက်နှာ ၁၄၃-မှ ....)

No comments: