Thursday 30 July 2009

ခရမ်းပြာဝိုင် (၉)‎

တကယ်ဝေးပြီလား၊‎
ကြယ်ကလေးတွေလဲ မြေမှာကြွေ။‎

‎ဟန်ဆောင်ကာ မျှော်အကြည့်၊‎
အော် ... ရှိပါစေ။‎

နှောင်းမြေ့မြေ့ ခက်ဝေဝေ၊‎
မျက်ရည်တွေ သူမတွေ့။‎

နေ့ညကြာ၊‎
မတွေ့ရတာ တာရှည်ပြီပဲ၊‎
ဗျာပွေချီ မြူငွေ့ရီတိုင်း၊‎
အပူဝေ့သီ ရင်မှာကြွယ်လို့၊‎
သူမေ့ပြီ ထင်ပါတယ်လေ၊‎
ကဗျာသယ်(သည်) နှင်ရာလမ်းကို၊‎
တခါကွယ် မြင်လာစမ်းပါလှည့်၊‎
လွမ်းကာရန် မပီမသအတွေးကို၊‎
ပန်းပမာဟန် သီလျပေးမယ်နော့၊‎
ညီမလေး ခရမ်းပြာရေ၊‎
လွမ်းတာရှည်မမေ့။ ။‎


အိမ ပူဆာလွန်းလို့ ရေးလိုက်ပါတယ် ...

ဖတ်ရှုခံစားအားပေးတဲ့ အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

5 comments:

sonata-cantata said...

ကဗျာနဲ့တော့ ဆိုင်မဆိုင်မသိ
ကဗျာဖတ်ပြီး ပေါ်လာတဲ့ အတွေးပါ
မေးကြည့်ပါရစေ...
ကျမတို့ မိန်းမသားတွေ အတွက် မျက်ရည်ဆိုတာ အဖော်ပါ။ ထစ်ကနဲရှိ မျက်ရည်က အယင်ကျလာတယ် ဆိုတာမျိုးပေါ့။ ယောက်ျားတွေမှာရော မိန်းမတွေလို လွယ်လွယ်မဟုတ်ပေမဲ့ မျက်ရည်ကျရတယ် ဆိုတာမျိုး အမှန်စင်စစ်ရှိပါသလား။ ကျမကတော့ ယောက်ျားတွေ မျက်ရည်ကျရင် ဟန်လုပ်တာလို့ပဲ ထင်မြင်နေလို့ပါ။

အမှားပါရင် ခွင့်လွှတ်နော် ကိုဟယ်ရီ...

Harry said...

မိန်းကလေးတွေလို မျက်ရည် မလွယ်ပေနဲ့ ခံစားလွယ်တဲ့ ယောက်ျားတွေလည်း ခံစားချက်ပြင်းထန်တဲ့အခါ မျက်ရည်ဝဲရတဲ့အထိလောက်တော့ ခံစားကြရဖူးတတ် ပါတယ် မသီတာရယ် ... ရှိုက်ကြီးတငင် အော်ငိုတာ တော့လည်း မဟုတ်ဘူးပေါ့ဗျာ :D
ကြုံဖူးတဲ့သူတွေ သိကြမှာပါ ...

မေဓာဝီ said...

ခရမ်းပြာဝိုင် သောက်ရင်း ကြယ်ကြွေလေးတွေ ကောက်သွားတယ်။
နည်းနည်းမူးသွားပြီ။ ပြန်အိပ်လိုက်အုံးမယ်။

Harry said...

မူးပြီးရင် မရမ်းနဲ့နော် မမေ ...

အိ said...

အဟဲ ကိုဟယ်ရီ ကဗျာလာဖတ်ပါတယ်နော်
မိုက်တယ် နောက်တစ်ပုဒ် နောက်တစ်ပုဒ်
အဟီး