Sunday 26 July 2009

သောကပုံပြင်

သောကစုံလင်
လောကပုံပြင်ဇာတ်မှာ၊
ပြောသမျှယုံချင်တတ်သူရဲ့၊
အမှတ်မရှိတဲ့အသည်း။

သခင့်အပြောမှာ၊
လွင့်မျောကာ ရှည်ကြာပေါ့၊
ဝေဒနာ အပူတခက်ကိုကွယ် ....‎
ဘယ်သူဖျက်မှာလဲ။

ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ ...
ဟယ်ရီ

6 comments:

Dr. Yi Yi Win said...

ဝေဒနာ အပူတခက်ကို
ယူလျက်ကယ်ငင်
သူဖတ်မယ်အထင်နဲ့ 
ကဗျာပညာထုတ်ကာသုံးပြီး
သီလို့ ရယ်ကုံး။

ကိုဟယ်ရီ့ ကဗျာကို ဖျက်ခဲ့ပြီ :D

အိ said...

မိုက်ပါ့ ကောင်းပါ့ အားကျပါ့

Harry said...

ပိုင်လှချည်လား ဒေါ်ယုရဲ့
ပညာတွေ လျှိုထားတယ်ပေါ့လေ
ကဗျာက မပျက်ပါဘူး ... မိုက်တောင်မိုက်သေး

Harry said...

အားကျရင် ရေးပါဆိုတော့ မရေးဘူး ... အိမ အပျင်းထူ မနေနဲ့

မေဓာဝီ said...

ဝေဒနာ အပူတခက်ကို
ကူဖျက်မယ့်သူ မရှာတတ်ရင်
အမှတ်မရှိတဲ့ အသည်းအိမ်ကို
အရက်အပြည့်နဲ့ပဲ စိမ်ပါလေ ... ;)

Harry said...

စိမ်နေတာပဲ မမေရဲ့ ... ;)