Monday 20 July 2009

သခင်အောင်ဆန်းတရား‎

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း၊‎
မင်း၏သားငယ်၊ မင်းသက်လှယ်ကို၊‎
အဘယ်တရားဟောမည်နည်း။‎

ဆန်း၏ သတ္တိ၊‎
ဆန်း၏ သမာဓိ၊ ဆန်း၏ ပညာ၊‎
ဟောစရာကား အလွန်များ၏။‎

မင့်သားအရွယ်၊ သက်နှစ်ဆယ်တွင်၊‎
လူငယ်အောင်ဆန်း၊ သူ့အစွမ်းကို၊‎
ပန်းကောင်းတပွင့်၊ ပန်ဆင်တင့်သို့၊‎
မင့်သား သိစေချင်လှ၏။‎

သူ့အစွမ်းကား၊ အခြားမဟုတ်၊‎
အအုပ်ချုပ်ခံ၊ မျိုးခြားဒဏ်မှ၊‎
မြန်မာလွတ်လမ်း၊ ခရီးကြမ်းဝယ်၊‎
ဗန်းပြအလှ၊ ပကာသနကို၊‎
ပြာကျလောင်မြိုက်၊ သူမီးတိုက်၏၊‎
ခေတ်လိုက်စာညီ၊ ခေတ်မီပညာ၊‎
ကြုံရာဘဝ၊ မုကလုံလောက်၊‎
ခံမြို့ဆောက်၏။‎

ထို့နောက်တဆင့်၊ မိုးထိလွင့်အောင်
‎ရိုးကျင့်မြင့်ကြံ၊ သူ့အလံတည့်‎
ပျံတလူလူ၊ သူထူခဲ့ကြောင်း‎
ခေါင်းဆောင်သဘော၊ မင့်သားချောကို၊‎
ပြောလိုက်ပါဘိ၊ ဟောပါဘိ။ ။‎


ဇော်ဂျီ

‎(ညီသစ်ဆင်း ကဗျာများ မှ ...)‎

No comments: