Sunday 2 October 2011

လမင်းပိုင်တဲ့ပန်း (Flor De Luna)

အို ကြာပွင့် ကုမုဒြာ
လရိပ်ဆမ်းဖြာ ပန်းပွင့်လာ
မဟူရာည တင့်တယ်ရာ၊
အပူဖြာသမျှ လွင့်ပြယ်သွား။
ဇာခြည်တန်းလွှမ်းခြုံ၊
နွမ်းအာရုံ ဝေးလွင့်သွေ၊
ပန်းကြာငုံထွေးပွင့်စေသား။

ပြာရီဝေသီ
ညှို့ချက်တွေဆန်း ကမ်းစပ်နားဆီ
မြူမှုန်တွေ ဝေ့ဝဲလည်
နီလာကြာနန်း
လရိပ်ဇာ အမျှင်တန်း
မှန်းကာသန်း ... လွမ်းခဲ့သည်
ညိုမှောင်လျ လင်းပြာရီ။ ။

Carlos Santana ရဲ့ Flor De Luna (Moon Flower) ကို ခံစားပြီးရေးလိုက်ပါတယ် ... တချိန်က ဂစ်တာသမားတွေ အားလုံးလိုလို အကြိုက်တွေ့ခဲ့တဲ့ ကမ္ဘာကျော်တေးသွားဖြစ်ပါတယ် ... ကျနော်ကိုယ်တိုင်လည်း အလွန်စွဲလမ်းခဲ့ဖူးတဲ့ တေးသွားပါ ... ဂစ်တာတီးသက်လေး နည်းနည်းလည်းရလာရော အရူးအမူးလေ့ကျင့်တီးခတ်ခဲ့ဖူးတဲ့ တေးသွားပါ ... ကျနော်တို့ အရွယ် ဂစ်တာသမားများ ပြန်လည်ရင်ခုန်ကြရအောင် ... နားမထောင်ဖူးသေးတဲ့သူများလည်း နားဆင်ခံစားရအောင် Carlos Santana ရဲ့ မူရင်းလက်သံကိုပါ ထည့်ပေးလိုက်ပါတယ် ...



ကျေးဇူးအထူးပါ ခင်ဗျ

ဟယ်ရီ

2 comments:

Angelhlaing(May everybody be happy and healthy! said...

မိုက်တယ်အကို ...စာသားမများပဲ ထိထိမိမိလေး နဲ့ :)
ခံစားအားပေးလျှက်ပါလို့

Harry said...

အမြဲလာ အားပေးနေတာ အရမ်းကျေးဇူးတင်ပါတယ် ညီမလေးရေ