Saturday 9 August 2008

သူဝှက်

ခူးရန်ခက်ပေမယ့်၊
ဖူးရန်မပျက်ပါမေ။

တိုးလို့သာ နှောင်တွယ်ရ၊
ရှောင်ဖယ်မရပေ။

အခက်ပွေ၊
မျက်ရည်စကြွေဝဲ။

တိတ်တဆိတ်သာပေါ့၊
ကြိတ်မှိတ်ကာ ရင်ခွင်တွင်းမှာပဲ၊
မြင်မြင်ချင်း ချစ်မိပေမယ့်၊
အပြစ်ရှိတယ် ပူလောင်ညည်းလို့၊
အဖြူရောင်စည်းကို အကျော်ခက်လေသမျှ၊
အော် ... ၀ှက်ကာထားပေမယ့်၊
(အချစ်ရယ် ... ရင်ထဲမှာတော့)
မျှော်လျက်ပါပဲ။ ။

အဖြူရောင်စည်းတခုခြားနေသူများ အားလုံးအတွက်နှင့် အထူးအားဖြင့် ခရမ်းပြာသို့

2 comments:

အိ said...

ကိုဟယ်ရီရေ..ကောင်းရက်လိုက်လေခြင်း

Anonymous said...

ကျေးဇူးပါ အိမရေ ...