Sunday 24 August 2008

လွမ်းလှိုက်လျက်လေး


လွမ်းကာခွေ လွမ်းလေနော့ရင်ဖြင့်၊
လွမ်းကြွှေလျော့ လွမ်းတယ်၊
လွမ်းပေပေါ့ လွမ်းမပြယ်၊
လွမ်းတသွယ် လွမ်းလှ၊
လွမ်းကြွယ်လို့ လွမ်းကာရီ၊
လွမ်းရာသီ လွမ်းတိမ်ဆင်လ။

လွမ်းမိုးညို့ လွမ်းယောင်ဆင်၊
လွမ်းရင်ခွင် လွမ်းလျ၊
လွမ်းတ ကာ လွမ်းပိုည မှာဖြင့်၊
လွမ်းငိုရ လွမ်းသီ၊
လွမ်းလှီလို့ လွမ်းကာချို့၊
လွမ်းပါလို့ လွမ်းငွေ့ဝေရီ။
လွမ်းတေးဖွဲ့ လွမ်းကဗျာသီ၊
လွမ်းကာမှီ လွမ်းလေညှဉ်း၊
လွမ်းလေပြင်း လွမ်းစေတမ်းဖန်၊
လွမ်းခွေလွမ်းကျန်၊
လွမ်းနေညို့ လွမ်းဝေးချန်တယ်၊
လွမ်းလေးလံ လွမ်းလှိုက်လျက်လေး။

လေးထပ်ကြော့ စကြာတေးထပ်ဖြစ်ပါတယ်။

3 comments:

Anonymous said...

မိုက်တယ်ဗျာ...။

အိ said...

လေးစားပါတယ်ဗျို့ကိုဟယ်ရီ

Anonymous said...

ဦးဟဏ်ရော .. ဒေါ်အိရော ကျေးဇူးတင်ပါတယ်ဗျို့